ငပုတောမြို့နယ် ဒေါင့်ချောင်းကျေးရွာက နေအိမ်တစ်လုံး ဓားပြတိုက်ခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၉ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာက နေအိမ်တစ်လုံးကို စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းက ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဓားပြအတိုက်ခံရတဲ့ နေအိမ်ဟာ ကျေးရွာအပြင်လယ်ကွင်းထဲမှာ မိသားစုတွေ နေထိုင်တဲ့ တဲတစ်လုံးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်တွေ ရောက်ရှိလာပြီး မသင်္ကာတဲ့ အမျိုးသား ၃ ဦး ကို ငပုတောမြို့နယ်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက မြို့အချို့မှာ သြဂုတ်လက စတင်ကာလူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက် အနုကြမ်းစီးခံရ မှုများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

#တစ်မိနစ်ရုပ်သံ

#Ayeyarwaddy_Times