ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် (ချစ်သူများနေ့)၌ ချီးမြှင့်မည့် “အထူးရွှေရောင်လက်ထပ်စာချုပ်” ကံစမ်းခွင့်ရရှိရန်အတွက် စုံတွဲပေါင်းထောင်ချီ၍ လက်ထပ်မှတ်ပုံ တင်ရန် စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။

 

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ချစ်သူများနေ့ အထူးအစီအစဉ်အဖြစ် နှစ်နာရီခြားတစ်ကြိမ် ရွှေရောင်လက်ထပ်စာချုပ်ကို ကံစမ်းမဲဖောက်ပေးမည်ဟု ကြေညာခဲ့ပြီး ချစ်သူစုံတွဲများအား ဘန်ကောက်သို့ လာရောက်လက်ထပ်ကြရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ယခုအစီအစဉ်သည် ဘန်ကောက် မြို့၏ ဖော်ရွေမှုနှင့် တန်းတူညီမျှမှုအပေါ် ခိုင်မာသည့် သဘောထားကို ပြသခြင်းဖြစ်ပြီး လိင်ကွဲစုံတွဲများ သာမက LGBTQ+ စုံတွဲများ၏ ချစ်ခြင်းမေတ္တာကိုပါ ဂုဏ်ပြုခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

အဆိုပါ ရွှေရောင်လက်ထပ်စာချုပ် ကံစမ်းခွင့်အတွက် စုံတွဲပေါင်း ၁,၂၀၀ ကျော်ONF အွန်လိုင်းမှ တစ်ဆင့် ကြိုတင်စာရင်းသွင်းခဲ့ကြပြီး ယနေ့တွင်လည်း လူကိုယ်တိုင် လာရောက်စုဝေးကာ လက်ထပ် မှတ်ပုံတင်သည့် စုံတွဲပေါင်း ရာနှင့်ချီရှိနေကြောင်း သိရသည်။

ထို့ပြင် ယနေ့တွင် ထိုင်းနိုင်ငံရှိ ထင်ရှားသည့် မြို့အသီးသီးနှင့် အထိမ်းအမှတ် နေရာများ၌ စုံတွဲအများ အပြား စုပေါင်းလက်ထပ်ခြင်းနှင့် မှတ်ပုံတင်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကိုးကား – Bangkok Post