ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
ရုရှားနိုင်ငံနဲ့ မည်သည့် ငြိမ်းချမ်းရေးစာချုပ်ကို သဘောမတူမီ ယူကရိန်းနိုင်ငံအတွက် ရှင်းလင်း သော လုံခြုံရေး အာမခံချက်တွေ လိုအပ်တယ်လို့ သမ္မတ ဇီလန်စကီးက နိုင်ငံတကာညီလာခံတစ်ခုမှာ ပြောပါတယ်။
အမေရိကန်နဲ့ ဥရောပတိုင်းပြည်တွေရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း စနေနေ့က ဂျာမနီနိုင်ငံမှာကျင်းပတဲ့ မြူးနစ် လုံခြုံရေးညီလာခံမှာ မိန့်ခွန်းတစ်ခုအတွင်း ၎င်းက ထုတ်ဖော်ပြောခဲ့ပါ တယ်။
ရုရှားနိုင်ငံဟာ ဇန်နဝါရီလတစ်လအတွင်းမှာ ယူကရိန်းကို ဒရုန်းတိုက်ခိုက်မှု ၆၀၀၀ ကျော် လုပ် ဆောင်ခဲ့ကြောင်း၊ ရုရှားရဲ့ ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေဟာ ယူကရိန်းနိုင်ငံရှိ ဓာတ်အားပေးစက် ရုံ၊ အခြား အခြေခံအဆောက်အအုံတွေကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့တယ်လို့ သူက ဆိုပါတယ်။
လာမယ့်အပတ်မှာ ယူကရိန်း၊ ရုရှားနဲ့ အမေရိကန်မှ အကြီးတန်း တာဝန်ရှိသူတွေကြား ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ ပြုလုပ်မယ်လို့ ဇီလန်စကီးက ဆက်ပြောပါတယ်။
ဆွေးနွေးမှုဟာ သုံးနိုင်ငံစလုံးအတွက် အထောက်အကူပြုမှာဖြစ်ပေမယ့် ယူကရိန်းနိုင်ငံအတွက် ရှင်းလင်းသော လုံခြုံရေးစနစ် မရှိဘူးလို့ ၎င်းက ထောက်ပြပါတယ်။
အမေရိကန်ုနိုင်ငံဟာ အပေးအယူခေါင်းစဉ်နဲ့ မကြာခဏ ပြန်လှည့်တတ်တာကို စိုးရိမ်မိတယ်လို့ ဇီလန်စကီးက ထုတ်ဖော်ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ငြိမ်းချမ်းရေး သဘောတူညီချက် ရှေ့ဆက်လုပ်ဆောင်ရေး အမေရိကန်၊ ဥရော ပမိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
ယူကရိန်းမှာ ရွေးကောက်ပွဲကျင်းပရေး တောင်းဆိုမှုတွေနဲ့ပတ်သက်လို့ ဗုံးကြဲခြိမ်းခြောက်မှုတွေ အောက်မှာ ယူကရိန်းနိုင်ငံက တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် မကျင်းပနိုင်ဘူးလို့ သူက ပြောပါ တယ်။
ယူကရိန်းနိုင်ငံဟာ ရွေးကောက်ပွဲကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ဖို့ နှစ်လကြာ အပစ်အခတ် ရပ်စဲဖို့ လိုအပ်မယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy calls for ‘clear security guarantees’ before peace deal