ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

အီရန်နိုင်ငံနဲ့ သဘောတူညီချက်” တစ်ရပ်ရရှိရေး အခြေအနေကောင်းတွေ ဖန်တီးနေတယ်လို့ အ မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယုံကြည်နေပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ထိုသဘောတူညီချက်အပေါ် သံသယရှိနေဆဲလို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ သတ္တမအကြိမ်မြောက် တွေ့ဆုံဖို့ ဝါရှင်တန်မြို့တော်သို့ သွားရောက်ခဲ့တဲ့ နေတန် ယာဟုက အီရန် နျူကလီးယား ဆွေးနွေးပွဲတွေမှာ ပိုမိုပြတ်သားတဲ့မူဝါဒတွေ ချမှတ်ဖို့ တိုက်တွန်းခဲ့ပါ တယ်။

“သူတို့ ဘယ်သူနဲ့ ရင်ဆိုင်နေရသလဲဆိုတာကို အီရန်သားတွေ သိသွားပြီလို့ သမ္မတက ယုံကြည် နေပါတယ်” လို့ နေတန်ယာဟုက အစ္စရေးသို့ မပြန်မီ ဝါရှင်တန်တွင် ပြောကြားခဲ့ပါတယ်။

“ဒေါ်နယ်ထရမ့် ဖန်တီးပေးနေတဲ့ အခြေအနေတွေရယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က သဘောတူညီချက် မရခဲ့လို့ အီရန် မှားသွားပြီဆိုတာကို အီရန်က သေချာပေါက် နားလည်သွားတဲ့အချက်တွေ ပေါင်းလိုက်ရင် ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခု ရရှိဖို့ အခွင့်အရေး ဖြစ်လာနိုင်တယ်လို့ သူက ယုံကြည်နေပါ တယ်” လို့ နေတန်ယာဟုက ဆက်ပြောပါတယ်။

၎င်းအနေနဲ့ အီရန်နဲ့ချုပ်ဆိုမယ့် မည်သည့်သဘောတူညီချက်ကိုမဆို ယေဘုယျအားဖြင့် သံသယ ရှိကြောင်းကိုမူ ဖုံးကွယ်ထားမည်မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

အီရန်နဲ့ချုပ်ဆိုမယ့် မည်သည့်သဘောတူညီချက်တွင်မဆို အစ္စရေးအတွက် အလွန်အရေးကြီးတဲ့ အချက်တွေ ပါဝင်ရမယ်လို့ နေတန်ယာဟုက ပြောကြားခဲ့ပြီး အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်၊ ပါလက်စ တိုင်း ဟားမတ်စ်အဖွဲ့၊ ယီမင် ဟူသီသူပုန်တွေနဲ့ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့လိုမျိုး လက်နက်ကိုင်အဖွဲ့ တွေလို အီရန်က ထောက်ပံ့နေမှုတွေကို ရပ်တန့်ဖို့ အချက်တွေပါဝင်ရမယ်လို့ ၎င်းက အလေးပေးပြောခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ အီရန်နဲ့ ဆွေးနွေးမှုတွေကို ဆက်လက်လုပ် ဆောင်ရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က နေတန်ယာဟုကို ပြောကြားခဲ့ပြီး၊ ပိုမိုပြတ်သားတဲ့ ရပ်တည် ချက်ယူဖို့ အစ္စရေးဝန်ကြီးချုပ်ရဲ့ တိုက်တွန်းမှုကို ပယ်ချခဲ့ပါတယ်။

သဘောတူညီချက်တစ်ရပ် ရရှိရန်ကိုသာ မိမိအနေဖြင့် ဦးစားပေးလိုကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပေမယ့် သဘောတူညီချက်မရခဲ့ပါက ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောဆို ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အိုမန်နိုင်ငံမှာ ဝါရှင်တန်နှင့် တီဟီရန်တို့ကြား ဆွေးနွေးမှုတွေ ပြန်လည်စတင်ခဲ့ ပေမယ့် ပြီးခဲ့သည့်လက အီရန်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေအပြီးမှာ ဒေါ် နယ်ထရမ့်က အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်ခြေရှိကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။

ရန်ဘက်တွေဖြစ်တဲ့ အီရန်နဲ့ အမေရိကန်တို့ကြား နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖြစ်ပွားခဲ့သော အစ္စရေး-အီရန် ၁၂ ရက်ကြာစစ်ပွဲကြောင့် ရပ်တန့်သွားခဲ့ပါတယ်။

အဆိုပါစစ် ပွဲအတွင်း အမေရိကန်က အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်ခြင်းဖြင့် ပါဝင်ခဲ့ပါ တယ်။

လက်ရှိအချိန်အထိ အီရန်နိုင်ငံက ဆွေးနွေးမှုအသစ်မှာ နျူကလီးယားအစီအစဉ် တစ်ခုတည်းကို သာ ဆွေးနွေးဖို့ လက်ခံထားပြီး ဘောင်ကျော်ဆွေးနွေးမှုကို ငြင်းဆန်ထားပါတယ်။

ဝါရှင်တန်ဘက်ကမူ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နဲ့ ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နေမှုများကိုပါ ဆွေးနွေးပွဲမှာ ဆွေးနွေးလိုပါတယ်။

ကိုးကား – AFP
Ref; Trump believes US is creating conditions for ‘good deal’ with Iran, Netanyahu says