ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
တရုတ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း နျူကလီးယားဖောက်ခွဲရေး စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်ဆိုတဲ့ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးရဲ့ ပြောကြားချက်မှာ ခိုင်လုံသောအထောက်အ ထားမရှိဟုဆိုကာ ပေကျင်းက ပယ်ချလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ လင်ကျင်းက လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အမေရိကန်အရာရှိရဲ့ ပြောဆိုချက်ကို ငြင်းဆိုခဲ့တာ ပါ။
အမေရိကန်အနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေ ပြန်လည်စတင်ဖို့ ဆင်ခြေအတုများပေးကာ လုပ်ရပ်ကို အကြောင်းပြချက်ရှာနေခြင်းအပေါ် တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ၎င်းက ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ညီလာခံတစ်ခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက တရုတ်နိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ ပြု လုပ်ခဲ့တာကို အမေရိကန်အစိုးရက သိရှိထားပြီး ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ နျူကလီးယား စမ်း သပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ရုရှားကြား ချုပ်ဆိုထားတဲ့ New START နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာ ချုပ်ဟာ လွန်ခဲ့တဲ့တစ်ပတ်က သက်တမ်းကုန်ဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန်ကမူ တရုတ်နိုင်ငံပါဝင်တဲ့ မူဘောင်အသစ်တစ်ခုကို ထပ်မံဖွဲ့စည်းသင့်တယ်လို့ အခိုင် အမာ တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံကမူ ၎င်းတို့၏ နျူကလီးယားစွမ်းဆောင်ရည်မှာ အမေရိကန်၊ ရုရှားတို့နဲ့ယှဉ်လျှင် ပ မာဏကွာခြားချက် ကြီးမားလွန်းတယ်လို့ဆိုကာ နျူကလီးယားလက်နက် လျှော့ချရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ကိုးကား – NHK
Ref; China dismisses nuclear testing claims by US as baseless