ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
မြန်မာနိုင်ငံရဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား တွေကို ထပ်မံလွှတ်ပေးဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။
ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြည် ထောင်စုနေ့ ကျရောက်ခြင်းအတွက် ဂုဏ်ပြုစကားဆိုထားပြီး အကျဉ်းသားတွေ လွတ်မြောက်လာစေဖို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။
“၂၀၂၁ ခုနှစ်ကစပြီး အကျဉ်းသား ထောင်ပေါင်းများစွာ လွတ်မြောက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအပါအ ဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွတ်မြောက်လာဖို့ စောင့်မျှော်နေ ပါတယ်။ ဒါဟာ ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်သလို အာဆီယံဘုံသ ဘောတူညီချက် ၅ ချက် (5PC) နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဆီ ဦးတည်နိုင်မယ့် ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်လာစေရေး ကြိုးပမ်းမှုအ နေနဲ့ မြန်မာနိုင်ငံမှ အရေးပါသော နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲတစ်ခုကိုလည်း မကြာသေးမီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ ပဋိပက္ခများ လျော့ချရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအ ညီတွေ ပေးအပ်နိုင်ရန် လမ်းဖွင့်ပေးရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအ စိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပြည်တွင်းစစ်ဒဏ်ကို ဆိုးရွားစွာ ခံစားနေရပါတယ်။
စစ်အုပ်စုအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင် အထည်ဖော်ဖို့ ငြင်းဆန်နေရာ မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခွင့်ကို လည်း ပိတ်ပင်ခံထားရပါတယ်။
ကိုးကား – GMA News
Ref: DFA urges Myanmar to free political prisoners on 79th Union Day