ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

ကနေဒါနိုင်ငံမှာ ကျောင်းတွင်း သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ (၉) ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အနောက်ပိုင်း ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ Tumbler Ridge က စာသင်ကျောင်းတစ်ခုမှာ အင်္ဂါနေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ကနေဒါရဲတပ်ဖွဲ့က ပြောပါတယ်။

စာသင်ကျောင်းအတွင်း လူလေးဉီးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး သေနတ်ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ် သက်တယ်လို့ယူဆရတဲ့ နေရာတစ်ခုမှာ နောက်ထပ် အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တာလို့ ကနေဒါရဲ တပ်ဖွဲ့က ဆိုပါတယ်။

နောက်ထပ်လူတစ်ဉီးမှာ ဆေးရုံသို့ ပို့ဆောင်နေစဉ် သေဆုံးခဲ့ပြီး သေနတ်သမားလို့ သံသယရှိသူ အမျိုးသမီးတစ်ဉီးကိုလည်း စာသင်ကျောင်းအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးတွေက ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ သံသယရှိသူနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

Tumbler Ridge ဟာ Rocky တောင်ခြေမှာတည်ရှိတဲ့ လူဦးရေ ၂၄၀၀ ခန့်ရှိရာ မြို့ငယ်လေးတစ် မြို့ဖြစ်ပြီး သေနတ်ပစ်ခတ်မှုဖြစ်ရာ စာသင်ကျောင်းမှာ ကျောင်းသူ/ကျောင်းသား ၁၆၀ ဦးရှိပါတယ်။

ကိုးကား – NHK
Ref; At least 9 dead in school shooting in Canada