ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံအပေါ် လိုအပ်ပါက စစ်ရေးအရ အရေးယူနိုင် ရေး ပြင်ဆင်မှုအဖြစ် ဒုတိယမြောက် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကို အရှေ့အလယ်ပိုင်း ဒေသသို့ ထပ်မံစေလွှတ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်မီဒီယာများက ဖော်ပြပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုတွေ ပြန်လည်စတင်နေချိန်မှာ ယခု လို စစ်ရေးအင်အား တိုးမြှင့်ဖို့ ပြင်ဆင်လာခြင်းဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် လည်း ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဝါရှင်တန်ဒီစီသို့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ရောက်ရှိမှာဖြစ်ပါ တယ်။
ဒေါ်နယ်ထရမ့်က Axios သတင်းဌာနနဲ့ အင်တာဗျူးမှာ အရှေ့အလယ်ပိုင်းသို့ နောက်ထပ် လေ ယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်ဖို့ စဉ်းစားနေကြောင်း အတည်ပြုခဲ့ပါတယ်။ “ကျွန်တော်တို့မှာ အဲဒီကို ဦးတည်သွားနေတဲ့ ရေတပ်အုပ်စုတစ်ခု ရှိနေပြီးသားပါ။ နောက်ထပ် ရေတပ်အုပ်စုတစ်ခုလည်း ထပ်သွား နိုင်ခြေ ရှိပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အကယ်၍ ထပ်မံစေလွှတ်ဖြစ်ပါက အဆိုပါသင်္ဘောအုပ်စုဟာ လက်ရှိဒေသတွင်း၌ ရောက်ရှိနေ တဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်ရေးအုပ်စုတွင် တိုက်လေယာဉ်တွေ၊ တိုမာဟော့ခ်ဒုံးကျည်တွေနဲ့ စစ်သင်္ဘောအ များအပြား ပါဝင်ပြီး ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ၁၂ ရက်ကြာစစ်ပွဲအတွင်း အင်အားဖြန့်ကျက်မှုပုံစံအတိုင်း ဖြစ်ပါတယ်။
စစ်ရေးအင်အား တိုးမြှင့်မှုတွေနဲ့အတူ သံတမန်ရေးရာ ဆွေးနွေးမှုတွေကိုလည်း ပြိုင်တူလုပ် ဆောင်လျက်ရှိပါတယ်။ အမေရိကန်နဲ့ အီရန်အရာရှိတွေဟာ ပြီးခဲ့သည့်သောကြာနေ့က အိုမန်နိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီး ယင်းမှာ ဇွန်လပဋိပက္ခနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။
“ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရရင်ရ မရရင်တော့ ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲ အရမ်း ပြင်းထန်တဲ့ အရေးယူမှုတစ်ခု လုပ်ရလိမ့်မယ်” ဒေါ်နယ်ထရမ့် ပြောကြားခဲ့ပြီး ဒုတိယအကျော့ ဆွေးနွေးပွဲ ကို လာမည့်အပတ်မှာ ပြုလုပ်ရန် မျှော်လင့်ရကြောင်း ဆိုပါတယ်။
အီရန်အစိုးရကမူ နျူကလီးယားအစီအစဉ်ကိုသာ ဆွေးနွေးမည်ဖြစ်ပြီး ယူရေနီယံသန့်စင်ခွင့်ကို စွန့်လွှတ်မည်မဟုတ်ဖူးလို့ အခိုင်အမာဆိုပါတယ်။
ကိုးကား – TRT World
Ref; Trump warns “something very tough” ahead on Iran as Netanyahu heads to Washington