ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

ထိုင်းနိုင်ငံရှိ ရှေးရိုးစွဲအစဉ်အလာကို ပြုပြင်ပြောင်းလဲလိုတဲ့ လက်ရှိနဲ့ အငြိမ်းစား လွှတ်တော်အ မတ်အများအပြားမှာ နိုင်ငံရေးမှ တစ်သက်တာ ပိတ်ပင်ခံရမည့် အခြေအနေ ရင်ဆိုင်နေရပါတယ်။

၎င်းတို့ဟာ တော်ဝင်မိသားစုအား အသရေဖျက်မှုဆိုင်ရာဥပဒေ (Lèse-majesté law) ကို ပြင်ဆင် ဖို့ ကြိုးပမ်းခဲ့မှုမှာ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို ဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ထိုင်းနိုင်ငံ အဂတိတိုက်ဖျက်ရေးကော်မရှင်က လွှတ်တော်အမတ်ဟောင်းနဲ့ လက်ရှိအမတ် စုစု ပေါင်း ၄၄ ဦးအပေါ် အဆိုပါတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာပါ။

စွပ်စွဲခံရသူတွေထဲမှာ ပြုပြင်ပြောင်းလဲရေးဝါဒီ အတိုက်အခံ ပြည်သူ့ပါတီခေါင်းဆောင် နတ်သ ဖုန်းရောင်းပန်ညာဝပ်နဲ့ အခြားသော အဆင့်မြင့်ပါတီဝင်တွေ ပါဝင်နေပါတယ်။

အကယ်၍ တရားလွှတ်တော်ချုပ်ရုံးက ၎င်းတို့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက နိုင်ငံရေးလုပ် ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခွင့် လုံးဝပိတ်ပင်သွားမှာဖြစ်ပါတယ်။ ယခုဖြစ်ရပ်ဟာ ပြည်သူ့ပါတီအ တွက် ဒုတိယမြောက် အကြီးမားဆုံး ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အာဏာရ ရှေးရိုးစွဲ ဘွန်ဂျိုင်ထိုင်းပါတီ ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုလို ထပ်မံကြုံတွေ့ရခြင်းဖြစ်ပါတယ်။

ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် ဝန်ကြီးချုပ် အနုတင်ချန်ဝီရာကူးလ်က ညွန့်ပေါင်းအစိုးရဖွဲ့စည်း နိုင်ရေး ဆွေးနွေးမှုများကို ဦးဆောင်ရန် ပြင်ဆင်နေပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ မဟာမိတ်ဖြစ်လာနိုင်ခြေရှိတဲ့ ပါတီများမှာ ရွေးကောက်ပွဲမှာ တတိ ယနဲ့ စတုတ္ထနေရာ၌ ရှိနေတဲ့ ဖုထိုင်းပါတီနဲ့ ကလာသမ်ပါတီတို့ဖြစ်ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ် အနုတင်က အစိုးရသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမှုများ မလုပ် ဆောင်မီ ရွေးကောက်ပွဲရလဒ် အတည်ပြုချက်ကို စောင့်ဆိုင်းသွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား – NHK
Ref: Dozens of Thai opposition members face potential ban from politics