ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပန္နက်တင်ကာ စီမံကိန်းစတင်ခဲ့သော မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ခဲ့ပြီးနောက် တံတားပေါ်တွင် ကြည့်ရှုဖြတ်သန်းသည့် ယာဉ်အသွားအလာများ နေ့စဉ် များပြားနေသဖြင့် ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယာဉ်အသွားအလာများ ပြားသည့် ဒလတံတားပေါ် ဖြတ်သန်းခကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင် စုနေ့မှစတင်ကာ ကောက်ခံသွားမည်ဖြစ်ပြီး ယာဉ်အမျိုးအစားနှင့် တန်ချိန်အလိုက် တစ်စီး လျှင် ကျပ် ၅၀၀ မှ ၄,၀၀၀ အထိ သတ်မှတ်ထားကြောင်းနှင့် ယာဉ်ကြံ့ခိုင်မှုမရှိသည့် ကားများကို ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒလတံတားပေါ်သို့ ဖြတ်သန်းသွားလာသည့် ယာဉ်မျိုးစုံ နေ့စဉ်များပြားနေပြီး နံနက်ပိုင်းတွင် ပုံမှန်သွားလာနိုင်သော်လည်း ညနေပိုင်းမှစတင်ကာ တံတားပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ် နေကာ တံတားပေါ်သို့တက်ရန် လမ်းမကြီးများပေါ်၌ ကားတန်းစီ စောင့်ဆိုင်းနေရကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။
လက်ရှိတွင် ဒလတံတားအပေါ်ဖြတ်သန်းသွားလာသည့် ကားမျိုးစုံ၊ ယာဉ်မျိုးစုံများပြားနေပြီး နံနက်ပိုင်း တွင်ကားအနည်းသွားလာနိုင်သော်လည်း ညနေပိုင်းမှစတင်ကာ တံတားပေါ်မှာကားပိတ်နေပြီး တံတား ပေါ်ရောက်ရန်အတွက် လမ်းမကြီးများပေါ်တွင် ကားတန်းစီစောင့်ဆိုင်းနေရကြောင်း ရန်ကုန်မြို့ခံများ ထံမှ သိရသည်။

“ဒလတံတားပေါ် သွားချင်တယ်ဆိုလို့ ကလေးကို လိုက်ပို့ပေးတာ။ အရင်တစ်နေ့က ကားပိတ်နေတာနဲ့ တက်လို့မရဘူး။ မနေ့က ကျတော့လည်း တံတားပေါ်မှာ တစ်လမ်းလုံး ကားတွေပိတ်နေတာနဲ့ မစောင့် နိုင်လို့ ပြန်လှည့်လာရတယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) ကို ကိုရီးယားနိုင်ငံထံမှ ချေးငွေနှင့် စစ်ကော်မရှင်၏ ထည့်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် ကုန်ကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။
အဆိုပါတံတားကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပန္နက်တင်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်က အာ ဏာသိမ်းပြီးနောက် စီမံကိန်းကာလ အနည်းငယ် ကြန့်ကြာသွားခဲ့ပြီး ခုနစ် နှစ်အကြာတွင်မှ ဒလတံတား ကို ပြီးစီးဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်