ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

ယူကရိန်းနိုင်ငံဟာ လေတပ်အင်အားကို မြှင့်တင်ဖို့ ဆွီဒင်နိုင်ငံထုတ် Gripen တိုက်လေယာဉ် ၁၅၀ စင်းနဲ့ ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ် ၁၀၀ စင်း လက်ခံရရှိဖို့ သဘောတူညီချက်တွေ ရရှိ ထားပါတယ်။

အဆိုပါ တိုက်လေယာဉ်တွေဟာ အသစ်စက်စက်တွေဖြစ်ပြီး ယူကရိန်းရဲ့ ကာကွယ်ရေးစွမ်းရည် ကို သိသိသာသာ မြှင့်တင်ပေးနိုင်မယ်လို့ သမ္မတ ဇီလန်စကီးက ကိယက်ဗ်လေကြောင်းတက္ကသိုလ် မှ ကျောင်းသားတွေ၊ ဆရာများတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ယူကရိန်းအစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေအနက် တစ်ခုမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လေ ကြောင်းအင်အားကဏ္ဍကို မြှင့်တင်ဖို့ဖြစ်တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် လေတပ် ကွပ်ကဲရေးအဖွဲ့၊ စစ်ဘက်ခေါင်းဆောင်တွေနဲ့ အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ယခုလို ကြိုးပမ်းဆောင်ရွက်မှုတွေရဲ့ရလဒ်ကို အချိန်ကြာလာတာနဲ့အမျှ သိသာစွာ မြင်တွေ့ရမယ် လို့ ၎င်းက ဆက်ပြောပါတယ်။

“ယူကရိန်းအနေနဲ့ Gripen တိုက်လေယာဉ် ၁၅၀ နဲ့ Rafale တိုက်လေယာဉ် ၁၀၀ ရရှိဖို့ သဘော တူညီချက်တွေ ရရှိထားပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်အရတော့ ဒါတွေဟာ ကမ္ဘာ့အကောင်းဆုံး တိုက် လေယာဉ်တွေပါပဲ” လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ လက်ရှိမှာ F-16 တိုက်လေယာဉ်တွေကို အသုံးပြုနေပေမယ့် ယင်းတို့မှာ လေ ယာဉ်အသစ်များ မဟုတ်ကြောင်း ၎င်းက ဆိုပါတယ်။
မဟာမိတ်တွေ ထောက်ပံ့ပေးတဲ့ တိုက်လေယာဉ်တွေဟာ ယူကရိန်းနိုင်ငံရဲ့ လေကြောင်းစွမ်းရည် ကို သိသိသာသာ မြှင့်တင်ပေးနိုင်ရမယ်လို့ ဇီလန်စကီးက အလေးပေးပြောကြားခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ ဖုန်းဖြင့် ဆွေးနွေးပြီးနောက် ၂၀၂၆ ခုနှစ်အတွင်း ပြင်သစ် အစိုးရက ယူကရိန်းသို့ နောက်ထပ် တိုက်လေယာဉ်များ ထပ်မံထောက်ပံ့ပေးသွားမယ်လို့ သူက အတည် ပြုခဲ့ပါတယ်။

ကိုးကား – UAWIRE
Ref; Ukraine secures agreements for 250 new Gripen and Rafale fighter jets to bolster air power