ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအီချီရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သမိုင်းဝင် အနိုင်ရရှိခဲ့ရာ ဒီရလဒ်ဟာ ဘဏ္ဍာရေးစျေးကွက်ကို လှုပ်ခတ်စေခဲ့တဲ့ အခွန် လျှော့ချရေး ကတိကဝတ်တွေ ဖော်ဆောင်ဖို့နဲ့ တရုတ်နိုင်ငံကို တုံ့ပြန်ဖို့ ရည်ရွယ်တဲ့ စစ်ရေးအသုံးစ ရိတ်တွေ တိုးမြှင့်ဖို့ လမ်းခင်းပေးလိုက်တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ “သံမဏိအမျိုးသမီး” မာဂရက်သက်ချာကို အတုယူအားကျသူဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ ရှေးရိုးစွဲဝါဒီ တာကာအီချီဟာ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP) အတွက် အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာအနက် ၃၁၆ နေရာအထိ အနိုင်ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့ရာ ပါတီသမိုင်းတစ်လျှောက် အကောင်းဆုံး ရလဒ်လည်း ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအီချီရဲ့ LDP နဲ့ ညွန့်ပေါင်းမဟာမိတ်ဖြစ်တဲ့ အီရှင်ပါတီ (Ishin) ဟာ အောက်လွှတ်တော်အမတ်နေရာ ၃၅၂ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။
“အခုရွေးကောက်ပွဲဟာ အဓိကမူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ပါဝင်ပါတယ်။ အထူးသဖြင့် စီးပွားရေးနဲ့ ဘဏ္ဍာရေးမူဝါဒတွေမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်မှာဖြစ်သလို၊ လုံ ခြုံရေးဆိုင်ရာ မူဝါဒတွေကိုလည်း ပိုမိုမြှင့်တင်သွားမှာဖြစ်ပါတယ်” လို့ တာကာအီချီက ရုပ်သံ အင်တာဗျူး တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တာကာအီချီရဲ့ အောင်မြင်မှုကို ဂုဏ်ပြုခဲ့ပြီး “ရှေးရိုးစွဲဝါဒနဲ့ အင်အားဖြင့် တည်ဆောက်သော ငြိမ်းချမ်းရေး” အစီအစဉ်တွေ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါ စေကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဆုတောင်းစကား ဆိုခဲ့ပါတယ်။
ရှေ့လတွင် အိမ်ဖြူတော်၌ တာကာအီချီကို ဧည့်ခံဖို့ရှိတဲ့ သမ္မတဒေါ်နယ်ထရမ့်က “ရွေးကောက်ပွဲ ကို အချိန်စောခေါ်ယူခဲ့တဲ့ တာကာအီချီရဲ့ ရဲရင့်ပြီး ပညာရှိတဲ့ ဆုံးဖြတ်ချက်ဟာ အခုတော့ အကြီးအကျယ် အောင်မြင်သွားပြီဖြစ်ပါတယ်” လို့ ပြောပါတယ်။
အသက် ၆၄ နှစ်အရွယ်ရှိ တာကာအီချီသည် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ နှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ LDP ပါတီရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရပြီးနောက်ပိုင်း သူ့အပေါ် လူထုထောက်ခံမှု မြင့်တကနေ ခြင်းကို အခွင့်ကောင်းယူဖို့ ယခုဆောင်းရာသီတွင် ရွေးကောက်ပွဲကို အချိန်စောပြီး ကျင်းပခဲ့တာပါ။
ကိုးကား – Reuters
Ref; Japan’s ‘Iron Lady’ Takaichi forges historic election win