ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အနုတင် ချန်ဗီ ရာကူးလ်ရဲ့ပါတီဟာ ပြိုင်ဘက်တွေကို အပြတ်အသတ် အသာစီးရကာ ရှေ့တန်းမှ ဦးဆောင်နေပါတယ်။
အနုတင်ရဲ့ပါတီဟာ ရွေးကောက်ပွဲရလဒ်ကြောင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ပိုမိုလွယ်ကူလာနိုင် သလို နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်မည်ဟု ယူဆရပါတယ်။
ဒီဇင်ဘာလလယ်တွင် ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခဖြစ်ပွားနေစဉ် အနုတင်က ရွေးကောက် ပွဲကို အချိန်စောပြီး ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။
ကမ္ဘောဒီးယားအရေးနဲ့ ပတ်သက်ပြီး ဖုထိုင်းပါတီမှ ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် ရာထူးမှ ဖယ်ရှားခံရပြီးနောက် အနုတင်ဟာ အာဏာရယူခဲ့ပြီး ရက်ပေါင်း ၁၀၀ မပြည့်မီမှာပင် ယခုရွေးကောက်ပွဲ ကို ကျင်းပခဲ့တာပါ။
မဲရုံပေါင်း ၈၀ ရာခိုင်နှုန်းခန့်မှ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကနဦးရလဒ်များအရ အနုတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီက အပြတ်အသတ် အသာစီးဖြင့် ဦးဆောင်နေပြီး People’s Party က ဒုတိ ယနှင့် ဖုထိုင်းပါတီက တတိယနေရာမှာ ရှိနေပါတယ်။
မဲအရေအတွက် အားလုံး မရေတွက်ရသေးသော်လည်း မိမိတို့ပါတီ အနိုင်ရရန် အလားအလာ မရှိ တော့ကြောင်း ပြည်သူ့ပါတီ ခေါင်းဆောင် နတ်သာဖုန်ရောင်းပညာဝပ်က ပြောကြားခဲ့ပါတယ်။
မိမိတို့ပါတီအနေနဲ့ ဘွန်ဂျိုင်ထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပါဝင်မည်မဟုတ်သလို ပြိုင် ဘက် ညွန့်ပေါင်းအစိုးရကိုလည်း ဖွဲ့စည်းမည်မဟုတ်ကြောင်း နတ်သာဖုန်က ဆိုပါတယ်။ “ဘွန်ဂျိုင်ထိုင်း ပါတီက အစိုးရဖွဲ့နိုင်မယ်ဆိုရင် ကျွန်တော်တို့က အတိုက်အခံအဖြစ်ပဲ နေသွားမှာပါ” ဟု ၎င်းက သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးစနစ်တွင် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို ကိုင်စွဲထား တဲ့ ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲ မတိုင်မီ လူထုသဘောထား စစ်တမ်းတွေမှာ ထိပ်ဆုံးမှ ပြေးနေခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလ နောက်ဆုံးပတ်အတွင်း ကောက်ယူခဲ့ပြီး တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ တဲ့ အမျိုးသားဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုတက္ကသိုလ် (NIDA) ရဲ့ စစ်တမ်းအရ အမတ်နေရာ ၅၀၀ ရှိတဲ့ အောက် လွှတ်တော်မှာ ဘွန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၁၄၀ မှ ၁၅၀ ကြား အနိုင်ရရှိပြီး ပြည်သူ့ပါတီက အ မတ်နေရာ ၁၂၅ နေရာမှ ၁၃၅ နေရာကြားဖြင့် ဒုတိယနေရာတွင် ရှိနေမည်ဟု ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ လုပ်ဆောင်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ခဲ့ပြီးပါပြီ” လို့ အနုတင်က ဘန် ကောက်မြို့ရဲ့ မြောက်ဘက်ရှိ ၎င်း၏ အမာခံနယ်မြေဖြစ်သော ဘူရီရမ်မြို့မှာ မဲပေးပြီးနောက် သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။ “ပြည်သူတွေ ကျွန်တော်တို့အပေါ် ယုံကြည်မှု ရှိလိမ့်မယ်လို့ မျှော် လင့်ပါတယ်” ဟုလည်း ၎င်းက ဆိုပါတယ်။
ယခုရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေဖြင့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ် ပြန်လည် ရေးဆွဲဖို့ သင့်၊ မသင့်ကိုပါ တစ်ပါတည်း ဆန္ဒပြုခဲ့ကြပါတယ်။
၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ကျောထောက်နောက်ခံပြု ရေးဆွဲထားခြင်းဖြစ်ပြီး ဒီမို ကရေစီမဆန်သော အဖွဲ့အစည်းများ အာဏာရယူဖို့ ဖန်တီးထားတာလို့ ဝေဖန်သူတွေက ထောက်ပြကြ ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကနဦး မဲရေတွက်မှုများအရ မဲဆန္ဒရှင်အများစုက ဖွဲ့စည်းပုံအခြေခံဥ ပဒေသစ် ရေးဆွဲရေးအတွက် “နှစ်ပုံတစ်ပုံ” ခန့်သော မဲအသာစီးဖြင့် ထောက်ခံဆန္ဒပြုထားပါတယ်။
၁၉၃၂ ခုနှစ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ ယခုအချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း ၂၀ ခုအထိ ရှိခဲ့ပြီး အဆိုပါ ပြောင်းလဲမှုအများစုမှာ စစ်အာဏာသိမ်း မှုတွေရ ရဲ့ နောက်ဆက်တွဲရလဒ်တွေ ဖြစ်ကြပါတယ်။
ကိုးကား – AFP
Ref; Thailand PM Anutin’s party leads snap election, rejects coalition bid