ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
ရုရှားနဲ့ယူကရိန်းတို့အနေနဲ့ ဇွန်လမတိုင်မီ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်နိုင်ငံက လိုလားနေ တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့က သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်း အကြီးတန်း တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တာကို ဇီလန်စကီးက အသေးစိတ်ရှင်းပြစဉ် အခုလို မှတ်ချက်ပြုခဲ့တာပါ။
ဒီနှစ်နွေရာသီမစမီ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်နိုင်ငံက ရုရှားနဲ့ယူကရိန်းကို အဆိုပြုနေ တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
သတ်မှတ်ချိန်ကို လိုက်နာမယ့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးကို ရှေ့ဆက်လုပ် ဆောင်ဖို့ အမေရိကန်နိုင်ငံက ရုရှားနဲ့ယူကရိန်းကို ဖိအားပေးဖွယ်ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံတောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ တစ်ပတ်အတွင်း နောက်တစ်ကြိမ် သုံးပွင့် ဆိုင်ဆွေးနွေးပွဲ ကျင်းပဖို့ အမေရိကန်နိုင်ငံက အဆိုပြုခဲ့တယ်လို့ သူက ဆိုပါတယ်။
နောက်လာမယ့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ယူကရိန်းက ပါဝင်မှာဖြစ်ပေမယ့် စစ်ပွဲပြီးဆုံးပါက အ မေရိကန်နဲ့ဉရောပရဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက် ဆွေးနွေးမှုတွေ တိုးတက်မှုမရှိလျင် မည်သည့် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမှ လက်သင့်မခံဘူးဆိုတဲ့ ရပ်တည်ချက်ကို ၎င်းက ထပ်လောင်းအ တည်ပြုခဲ့ပါတယ်။
“လုံခြုံရေး အာမခံချက်တွေမရှိရင် စစ်ပွဲ အဆုံးသတ်နိုင်မှာ မဟုတ်ဖူး။ ဒါက သေချာပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။
ကိုးကား – NHK
Ref; US wants Russia and Ukraine to end fighting by June, Zelenskyy says