ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

အမေရိကန်နဲ့အီရန်ကြား အိုမန်နိုင်ငံ၌ ယနေ့ပြုလုပ်မယ့် ဆွေးနွေးပွဲတွေမတိုင်မီ အီရန်နိုင်ငံက ပါ ရှန်းပင်လယ်ကွေ့အတွင်း နိုင်ငံခြားသားပိုင် ရေနံတင်သင်္ဘောနှစ်စင်းကို လောင်စာဆီ မှောင်ခိုကူးမှုနဲ့ စွပ် စွဲကာ ဖမ်းဆီးခဲ့ပြီး သင်္ဘောပေါ်ပါ နိုင်ငံခြားသား သင်္ဘောသား ၁၅ ဦးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဖာစီကျွန်းအနီး အဆိုပါသင်္ဘောနှစ်စင်းကို ကြားဖြတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သင်္ဘောများပေါ်မှာ မှောင်ခိုလောင်စာဆီ လီတာ ၁ သန်းခန့် တင်ဆောင် လာတယ်လို့ ပြောပါတယ်။

အဆိုပါသင်္ဘောတွေဟာ ဒေသအတွင်း လပေါင်းများစွာ လည်ပတ်နေတဲ့ စနစ်တကျ ဖွဲ့စည်းထား သော လောင်စာဆီမှောင်ခိုကွန်ရက်တစ်ခုရဲ့ အစိတ်အပိုင်းများဖြစ်ကြောင်း IRGC က စွပ်စွဲပါတယ်။

အီရန်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သင်္ဘောတွေကို ထောက်လှမ်းရေးမှတစ်ဆင့် စောင့် ကြည့်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးကွက်အတွက် အလွန်အရေးပါတဲ့ လမ်း ကြောင်းဖြစ်တဲ့ ပါရှန်းပင်လယ်ကွေ့အတွင်း ရေတပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေနဲ့ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆို ပါတယ်။

အီရန်ဝန်ကြီးဟောင်းနဲ့ နိုင်ငံပိုင်ရုပ်သံဌာန အကြီးအကဲဟောင်းဖြစ်သူ အီဇာတိုလာဇာဂါမီက ကမ္ဘာ့ရေနံနှင့် စက်သုံးဆီထွက်ကုန် ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားမှာ အကြမ်းဖက်မှု တွေ ဖြစ်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

“ဟော်မုဇ်ရေလက်ကြားဟာ အမေရိကန်တွေအတွက်တော့ လူသတ်ကွင်းနဲ့ ငရဲဘုံဖြစ်လာလိမ့် မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်” လို့ ဇာဂါမီက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါ တယ်။

“ဟော်မုဇ်ရေလက်ကြားဟာ သမိုင်းအစဉ်အဆက် အီရန်နဲ့ပဲ သက်ဆိုင်တယ်ဆိုတာကို အီရန်က သက်သေပြသွားမှာပါ။ အမေရိကန်တွေ စဉ်းစားနိုင်တာဆိုလို့ သူတို့ရဲ့ သင်္ဘောတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ပြီး ကစားနေဖို့ပဲ ရှိတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Fox News
Ref; Iran seizes oil tankers, threatens ‘massacre’ in Strait of Hormuz, hours before US talks