ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

လွန်ခဲ့သောလေးနှစ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားကျူးကျော်စစ် စတင်ပြီးနောက် ပိုင်း ယူကရိန်းစစ်သား ၅၅၀၀၀ ဝန်းကျင် ကျဆုံးခဲ့ပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့တဲ့ ပြင်သစ် နိုင်ငံပိုင်ရုပ်သံဌာန France 2 နဲ့ အင်တာဗျူးတစ်ခုမှာ ၎င်းက ကျဆုံး ယူကရိန်းစစ်သား အရေအတွက်ကို ဝန်ခံခဲ့တာပါ။

ယူကရိန်းစစ်သား အများအပြားကို ပျောက်ဆုံးသူတွေအဖြစ် စာရင်းသွင်းထားတယ်လို့လည်း ဇီ လန်စကီးက ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင် ၄၆၀၀၀ ကျော် ကျဆုံးခဲ့ပြီလို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိ ကန် ရုပ်သံလွှင့်ကွန်ရက် NBC နဲ့ အင်တာဗျူးမှာ သူက ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးမှု ပြန်လည်စတင်ဖို့ ပြင်ဆင်နေကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောခဲ့တယ်လို့ ၎င်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ပူတင်ရဲ့ရည်ရွယ်ချက်မှာ ဥရောပတိုက်ကို အရှက်ခွဲဖို့ဖြစ်လို့ ရုရှားနိုင်ငံအပေါ် ဖိအားပေးမှုဟာ မလုံလောက်ဘဲ တွေ့ဆုံဆွေးနွေးမှုကို ကြိုတင်သတ်မှတ်ချက်တွေနဲ့ ပြုလုပ်ရမယ်လို့ ဇီလန်စကီးက ဆိုပါ တယ်။

မက်ခရွန်ရဲ့ ထိပ်တန်းသံတမန်အကြံပေး အီမန်နျူရယ်ဘွန်နီဟာ ရုရှား တာဝန်ရှိသူတွေနဲ့ ဆွေး နွေးမှုတွေပြုလုပ်ဖို့ အင်္ဂါနေ့က မော်စကိုမြို့တော်သို့ သွားရောက်ခဲ့ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပါ တယ်။

ကိုးကား – NHK
Ref; Zelenskyy: 55,000 Ukrainian soldiers killed since start of Russian invasion