ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့တွင်၊ ဆိုင်ကယ်မောင်းနှင်လာသည့် ဒေသခံနှစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ဒုရဲအုပ် နယ်ထိန်းခေါင်းဆောင် ရဲလင်းအောင်က သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဒေသခံ တူအရီးနှစ်ဦးဖြစ်သည့် ဦးလေးမှာ ခြေသလုံးကျည်ဆံဖောက်ဝင်၍ ကျည်ဆံကျန်ခဲ့ပြီး၊ တူဖြစ်သူမှာလည်း ခြေသလုံး ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြေသည်။
“အသုတ်မှာရှိတဲ့ ဒုရဲအုပ်နယ်ထိန်းခေါင်းဆောင်က အရက်မူးနေတော့၊ ဆိုင်ကယ်ဖြတ်သွားတဲ့ စည်ခွကျေးရွာက တူအရီးနှစ်ယောက်ကို pcxဆိုင်ကယ် withoutစီးနင်းပီး လိုက်လံပိုက်ဆံတောင်းတာ။ မပေးတော့၊ နောက်ကနေ ခြောက်လုံးပြူး သေနတ်နဲ့ လိုက်ပစ်တော့ တူဖြစ်သူရော ဦးလေးဖြစ်သူပါ ဒဏ်ရာရသွားကြတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၃ရက်နေ့ ညကဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဒေသခံ တူအရီးနှစ်ဦးမှာ အသုတ်မြို့ စည်းခွကျေးရွာက ဖြစ်ကြောင်း ဒေသခံများကပြောသည်။
ဦးလေးဖြစ်သူ၏ ခြေသလုံးထဲမှ ကျည်ဆံကို အသုတ်ဆေးရုံတွင် သွားရောက်ခွဲစိတ် ထုတ်ခဲ့ရကြောင်း ဒေသခံများကပြောဆိုသည်။
ထို့ပြင်သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဒေသခံနှစ်ဦးကို အသုတ်မြို့
စစ်ကော်မရှင် လက်အောက်ခံ စခန်းမှူး ဦးဇော်နိုင်ထွန်းက ဖိအားပေးခြိမ်းခြောက်မှုများ အမျိုးမျိုးပြုလုပ်ပြီး ကျေအေးလက်မှတ်ထိုးခိုင်းခဲ့ကြောင်း ရေကြည်မြို့ ရဲအသိုင်းဝိုင်းထံကသိရသည်။