‎‎ဧရာဝတီတိုင်းမ်
‎ဖေဖော်ဝါရီ ၃ ရက်

‎‎ကမ္ဘာ့ရွှေဈေးကျလာပြီးနောက် ပြည်တွင်းရွှေဈေးကျလာသော်လည်း တစ်ကျပ်သားလျှင် ကျပ် သိန်း ၁၀၀ အထက်တွင်ဆက်လက်တည်ရှိနေကြောင်းသိရသည်။

‎ယနေ့ ရွှေစျေးကွက်ဖွင့်လှစ်ချိန်တွင် ပြည်တွင်းအခေါက်ရွှေစျေးနှုန်းမှာ ကျပ် ၁၀၃ သိန်းဝန်းကျင်တွင် စျေးနှုန်းတည်ငြိမ်နေပြီး ကမ္ဘာ့ရွှေစျေးနှုန်းမှာလည်း တစ်အောင်စလျှင် ၄၆၇၀ ဒေါ်လာရှိကြောင်း စုံစမ်းသိရသည်။

‎နိုင်ငံခြားငွေလဲဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ၄၀၄၅ ကျပ် ဖြစ်ကြောင်းသိရသည်။

‎ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၅၆၀၀ အထိစံချိန်တင်မြင့်တက်လာပြီး ပြည်တွင်းအကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၁၂၀ ကျော်ထိမြင့်တက်ခဲ့သည်။

‎ကမ္ဘာ့ရွှေစျေးနှင့် ပြည်တွင်းရွှေစျေးနှုန်းတို့သည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ရွှေစုဆောင်းသူများနှင့် စျေးကွက်စောင့်ကြည့်သူများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်းသိရသည်။

‎ဓာတ်ပုံ – လူမှုကွန်ရက်