ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုကြောင့် အီရန်နိုင်ငံကို စစ်ရေးတိုက်ခိုက်မှုပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ရာ အမေရိကန်ရဲ့ မည်သည့်တိုက်ခိုက်မှုကမဆို အ ရှေ့အလယ်ပိုင်းဒေသမှာ ဒေသတွင်းစစ်ပွဲတစ်ခု ဖြစ်လာစေနိုင်ပြီး တင်းမာမှုတွေ အရှိန်မြှင့်စေနိုင်တယ် လို့ အီရန်ခေါင်းဆောင်က သတိပေးလိုက်ပါတယ်။
အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ဉီးဆောင်တဲ့ အမေရိကန်စစ် သင်္ဘောတွေ စေလွှတ်ခဲ့ရာ အသက် ၈၆ နှစ်အရွယ် အီရန်ခေါင်းဆောင် အယာတိုလာခါမေနီရဲ့ ဒေါ်နယ် ထရမ့်ကို ခြိမ်းခြောက်စကား ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က အင်အားသုံး မသုံး ရှင်းလင်းစွာ မသိရပေမယ့် အီရန်နိုင်ငံက စေ့စပ်ညှိနှိုင်းလို တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အီရန်နိုင်ငံဟာ မဟာဗျူဟာအရ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ နှစ်ရက်ကြာ ကျည်အ စစ်နဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ အီရန်ရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အခြား သတ္တုအရင်းအမြစ်တွေကို စိတ် ဝင်စားနေပြီး အီရန်နိုင်ငံကို သိမ်းပိုက်ကာ အရင်ကလို ထိန်းချုပ်လိုခဲ့တယ်လို့ ခါမေနီက တီဟီရန်မြို့မှာ လူထုကို ပြောပါတယ်။
“အမေရိကန်နိုင်ငံဟာ ဒီအချိန်မှာ စစ်ပွဲဆင်နွှဲရင် ဒေသဆိုင်ရာ စစ်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်ဆို တာ သတိထားရပါမယ်” လို့ ၎င်းက ဆိုပါတယ်။
“အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ အင်အားအတောင့်တင်းဆုံး စစ်သင်္ဘောတွေ ပိုင်ဆိုင်ထားပါတယ်။ အီရန်နိုင်ငံက သဘောတူညီချက်ပြုလုပ်ဖို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ သဘောတူညီချက်မရရင် အဖြေရှာရပါမယ်” လို့ ဒေါ်နယ်ထရမ့်က ခါမေနီရဲ့ သတိပေးချက်နဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။
ကိုးကား – AP
Ref: Iran’s supreme leader warns any US attack would spark ‘regional war’