ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့မှာ အိန္ဒိယနိုင်ငံအပေါ် စည်းကြပ်ခွန် လျှော့ချ မယ့် ကုန်သွယ်ရေး သဘောတူညီချက်ကို ကြေညာခဲ့ပြီး ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ယူကရိန်းစစ်ပွဲ ကြောင့် ရုရှားမှ ရေနံဝယ်ယူတာ ရပ်တန့်ဖို့ သဘောတူလိုက်ပြီလို့ ပြောပါတယ်။
အိန္ဒိယကုန်စည်တွေကို ယခင်သတ်မှတ်ထားတဲ့ စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ပြီလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ယခု ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် အိန္ဒိယရဲ့ ရုရှားမှ ရေနံဝယ်ယူမှုကြောင့် အမေရိ ကန်နဲ့ လနဲ့ချီကြာ တင်းမာမှုတွေကို ဖြေလျှော့စေပါတယ်။
နာရင်ဒရာမိုဒီက ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောဆိုမှုမှာ စည်းကြပ်ခွန် လျှော့ချမှုကြောင့် ကျေးဇူးတင် ရှိကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
“ဝန်ကြီးချုပ် မိုဒီကို ချစ်ခင်ရင်းနှီးမှုနဲ့ လေးစားသမှုကြောင့် အမေရိကန်နဲ့အိန္ဒိယကြား ကုန်သွယ် ရေးစာချုပ်ကို ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် Truth မှာ ရေး သားခဲ့ပါတယ်။
ရုရှားမှ ရေနံဝယ်ယူမှုကြောင့် ပြီးခဲ့တဲ့နှစ်လယ်က အိန္ဒိယနိုင်ငံအပေါ် ဒေါ်နယ်ထရမ့် သတ်မှတ်ခဲ့ တဲ့ ထပ်တိုး စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကို လျှော့ချမယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။
ရုရှားမှ ရေနံဝယ်ယူတာ ရပ်တန့်ဖို့နဲ့ အမေရိကန်၊ ဗင်နီဇွဲလားမှ ရေနံဝယ်ယူဖို့ မိုဒီက သဘောတူ ခဲ့ကြောင်း၊ ဒါဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒေါ်လာ ၅၀၀ ဘီလီယံတန်ကြေးရှိ အမေရိကန် စွမ်းအင်၊ နည်းပညာ၊ စိုက်ပျိုး ရေး၊ ကျောက်မီးသွေးနဲ့ အခြားထုတ်ကုန်တွေ ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – AFP
Ref; Trump cuts India tariffs after Modi agrees to stop Russia oil purchases