ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့နဲ့မြန်မာကြား ဆက်ဆံရေး နဂိုအတိုင်းပြန်ဖြစ်လာရေးမှာ ဖျန်ဖြေ ပေးသူအဖြစ် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖောင်ကတ်ကော် က ဖေဖော်ဝါရီလ ၂ ရက် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးအပြီးမှာ ပြောပါတယ်။
ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို အကဲဖြတ်ဖို့နဲ့ စစ်အာဏာပိုင်တွေအ ပြင် ထိုင်းနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမယ့် နည်းလမ်း တွေကို ဆွေးနွေးဖို့ အစည်းအဝေး ခေါ်ယူခဲ့တာပါ။
ကျားဖြန့်လုပ်ငန်းတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ မူးယစ်မှောင်ခိုကူးမှု၊ မြစ်ကြောင်းစနစ်တွေကို ထိခိုက်စေတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ တိုက်ဖျက်ရေးအပြင် မြန်မာပဋိပက္ခကြောင့် ထိခိုက်ခဲ့ရတဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာဖို့ နည်းလမ်းတွေကို တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ပါ တယ်။
ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ရှည်လျားသော နယ်နိမိတ်ထိစပ်မှုကြောင့် ထိုင်းနယ်စပ် အကျိုးစီးပွားတွေ ကို ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီဖို့ တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်စေပါ တယ်။
မြန်မာစစ်အုပ်စု၊ အခြားသက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု တစ်ဖြည်းဖြည်း အရှိန်မြှင့်ဖို့ အ စည်းအဝေးက သဘောတူခဲ့ပါတယ်။
ဆွေးနွေးမှုတွေဟာ အကျိုးများပါက ထိုင်းအစိုးရဟာ မြန်မာစစ်အာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကာ ပြဿနာကို အာဆီယံအဆင့်မှာ တင်ပြမယ်လို့ ဆီဟာဆတ် ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးမှာ ကောင်းမွန်သော စီးပွား ရေးနဲ့ လူသားချင်းစာနာမှု အကျိုးစီးပွားတွေရှိပြီး မြန်မာနိုင်ငံဟာ အားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ် ကို ရှေ့ဆက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref: Govt ‘ready to act’ as ASEAN mediator