ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်

မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ရာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပယ်မိသားစုဝင် လေးဉီးကို တရုတ်အစိုးရက ကွပ်မျက်လိုက်ပြီလို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

ပယ်မိသားစုဝင်လေးဉီးမှာ ကွမ်တုံပြည်နယ်ရှိ တရားရုံးတစ်ရုံးက လိမ်လည်မှု၊ လူသတ်မှု၊ ဒဏ် ရာရစေမှု၊ အခြားပြစ်မှုတွေနဲ့ စွဲချက်တင်ခံရသူ ၂၁ ဦးထဲ ပါဝင်တယ်လို့ သိရပါတယ်။

တရုတ်တရားရုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပယ်ဆောက်ချိန် မိသားစုဝင်ငါးဉီးကို သေဒဏ် ပေးခဲ့ပါတယ်။ ပယ်ဆောက်ချိန်ဟာ စီရင်ချက်အပြီးမှာ ဖျားနာမှုကြောင့် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီ ယာတွေက ဖော်ပြခဲ့ပါတယ်။

ထောင်ချီတဲ့ တရုတ်နိုင်ငံသားတွေကို လိမ်လည်ခဲ့တဲ့ အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းတွေ ကို ဖြိုခွင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်အစိုးရဟာ ပြီးခဲ့တဲ့အပတ်က မြီမိသားစုဝင် (၁၁) ဉိးကို ကွပ်မျက်ခဲ့ပါတယ်။

ပယ်မိသားစု၊ မြီမိသားစုနဲ့ အခြားမိသားစုတွေဟာ မြန်မာနိုင်ငံ၊ လောက်ကိုင်မြို့မှာ ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေ နှစ်နဲ့ချီ လုပ်ကိုင်ခဲ့ပါတယ်။

ကိုယ်ပိုင်ပြည်သူ့စစ်အဖွဲ့ရှိတဲ့ ပယ်မိသားစုဟာ ကျားဖြန့်နဲ့ ကာစီနိုရုံ ၄၁ ခုရှိပြီး အကြမ်းဖက်မှု၊ ရိုက်နှက်မှုနဲ့ နှိပ်စက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပယ်ဆောက်ချိန်မိသားစုရဲ့ ရာဇဝတ်မှုလုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံသား (၆) ဉီး သေဆုံးခဲ့ပြီး တစ်ဉီး ကိုယ့်ကိုယ်ကိုယ် သတ်သေကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။

ပယ်ဆောက်ချိန်မိသားစုဟာ ယခုစစ်အုပ်စု အကြီးအကဲ မင်းအောင်လှိုင် ဉီးဆောင်တဲ့ စစ်ဆင် ရေးအတွင်း ထိုအချိန်က စစ်ဘုရင်တစ်ဉီးကို ဖြုတ်ချခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းက လောက်ကိုင်ကို ချုပ်ကိုင်လာခဲ့ပါတယ်။

ကိုးကား – BBC
Ref; China executes four more Myanmar mafia members