ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ၂ ရက်
ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း Dnipropetrovsk ဒေသမှာ မိုင်းလုပ်သားတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စင်းကို ရုရှားက ဒရုန်းတစ်စင်းနဲ့ တိုက်ခိုက်ခဲ့ရာ လူ (၁၅)ဦး သေဆုံးခဲ့ပြီး (၇) ဉီး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ယူကရိန်းနဲ့ရုရှားကြား အမေရိကန်နိုင်ငံ အကျိုးဆောင်ပေးတဲ့ ဒုတိယအကြိမ် သုံးပွင့်ဆိုင် ဆွေး နွေးပွဲကို လာမယ့်အပတ်မှာ ကျင်းပမယ်လို့ သမ္မတ ဇီလန်စကီးက ကြေညာပြီး နာရီအနည်းငယ်အကြာမှာ ရုရှားဒရုန်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
ရုရှားစစ်တပ်ဟာ ဒေသတွင်းရှိ သတ္တုမိုင်းတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေဟာ လုပ်ငန်းခွင်မှပြန်လာတဲ့ အလုပ်သမားတွေလို့ DTEK ကုမ္ပဏီက ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောပါတယ်။
“ယနေ့ ရန်သူ ရုရှားဟာ Dnipropetrovsk ဒေသမှာ စွမ်းအင်လုပ်သားတွေကို တိုက်ခိုက်ခဲ့ပါ တယ်” လို့ ယူကရိန်း စွမ်းအင်ဝန်ကြီး ဒင်းနစ်ရှမီဟဲက လူမှုကွန်ရက် Telegram မှာ ရေးသားခဲ့ပါတယ်။
ရုရှားက ဇာပိုရီဇီယာမြို့ရှိ ဆေးရုံတစ်ရုံနဲ့ လူနေအဆောက်အအုံတစ်ခုကို တိုက်ခိုက်ခဲ့ရာ လူ (၉) ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့အစောပိုင်းမှာ ပြောပါတယ်။
ရုရှားနိုင်ငံဟာ တနင်္ဂတွေနေ့မှာ ယူကရိန်းနိုင်ငံရှိ နေရာ (၉) ခုကို ဒရုန်းတိုက်ခိုက်မှု အကြိမ် ၉၀ ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။
ရုရှားက Dnipro မြို့ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဉီးနဲ့ အမျိုးသားတစ်ဉီး သေဆုံးခဲ့ တယ်လို့ ဒေသန္တရအုပ်ချုပ်ရေး အကြီးအကဲ အလက်ဇန္ဒားဟန်ဇာက ပြောပါတယ်။
ရုရှားစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ယူကရိန်း တပ်ဖွဲ့ အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေကို ဒုံးကျည်၊ အမြောက်တွေနဲ့ တိုက် ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ဟာ ရုရှားအနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ ယူ ကရိန်းဒရုန်း ၂၁ စင်းကို ပစ်ချခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – AFP
Ref; Russian drone strike on bus transporting Ukrainian energy sector workers kills 15