ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူတွေဟာ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဆိုးရွားသော လူသားချင်းစာနာမှုကပ်ဘေးတွေကို ကြံ့ကြံ့ခံခဲ့ရတယ်လို့ အာဏာသိမ်းမှု (၅) နှစ်မြောက်နေ့ မှာ သြစတြေးလျအစိုးရက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာပဋိပက္ခကြောင့် ပြည်သူ ၁၆ ဒသမ ၂ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီ လို အပ်နေပြီး ၃ ဒသမ ၆ သန်းဟာ စစ်ဘေးရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မြန်မာစစ်အုပ်စုရဲ့ မကြာသေးမီက ရွေးကောက်ပွဲဟာ အတိုက်အခံပါတီတွေ ပါဝင်ခြင်းမရှိဘဲ အ ကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေကြား ပြုလုပ်ခဲ့တာဖြစ်လို့ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ ထုတ်ပြန် ချက်က ဆိုပါတယ်။

မြန်မာ့အရေးဖြေရှင်းတဲ့ မူဘောင်အဖြစ် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်လက် ထောက်ခံပြီး အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ တိုက်တွန်းမယ်လို့ ထုတ်ပြန်ချက်က ပြောပါ တယ်။

မတရား ဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ ဆက်လက်ပြု လုပ်မယ်လို့ သြစတြေးလျအစိုးရက ဆက်ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အခြေအနေဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးနဲ့ လူသား ချင်းစာနာမှု အကျပ်အတည်းတွေထဲကတစ်ခု ဖြစ်လာခဲ့တယ်လို့ ကနေဒါနိုင်ငံက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ အရပ်သားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံ တွေကို တိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်လို့ ကနေဒါနိုင်ငံက အာဏာသိမ်းမှု (၅) နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

မြန်မာစစ်အုပ်စုရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ အားလုံးပါဝင်မှုနဲ့ ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်ဆိုတဲ့ နိုင်ငံတကာစံနှုန်းတွေ မပြည့်မီဘူးလို့ ကနေဒါနိုင်ငံက ဆက်ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်စေတဲ့ စစ်မှန်သော၊ အားလုံးပါဝင်သော ဒီမိုကရေစီလုပ်ငန်း စဉ်တွေ ဖော်ဆောင်ဖို့ ကနေဒါနိုင်ငံက တောင်းဆိုပါတယ်။

မြန်မာပြည်သူတွေအတွက် အများယုံကြည်သော၊ ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်တစ်ရပ် ထူ ထောင်မယ့် ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကနေဒါနိုင်ငံက တောင်းဆိုပါ တယ်။

မြန်မာစစ်တပ်က ကျန်ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့၊ အတိုက်အခံ တွေနဲ့ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကနေဒါနိုင်ငံက တိုက်တွန်းပါတယ်။

ကနေဒါနိုင်ငံဟာ မဆုတ်မနစ် စည်းလုံးညီညွတ်တဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နိုင်စွမ်းဟာ ငြိမ်းချမ်းသော ဂုဏ်သိက္ခာရှိ အနာဂတ်အ တွက် ၎င်းတို့ရဲ့ မျှော်မှန်းချက်တွေကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

Ref: Statement marking five years since the military coup in Myanmar/ Statement by Minister Anand five years following military coup in Myanmar