ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း ရူဘာယာဒေသမှာ ဗုဒ္ဓဟူးနေ့က သတ္တုမိုင်းတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ သူပုန်အာဏာပိုင်တွေက ပြောပါတယ်။

ထိုနယ်မြေကို ထိန်းချုပ်ထားတဲ့ ကွန်ဂိုသူပုန်အဖွဲ့ M23 မှ အာဏာပိုင်တွေကို ကိုးကားပြီး ရိုက် တာသတင်းဌာနက သေဆုံးသအရေအတွက်ကို ဖော်ပြခဲ့တာပါ။

အဆိုပါသတ္တုမိုင်းဟာ ကော်လ်တန်သတ္တုရိုင်းတွေ ထုတ်လုပ်ပြီး စမတ်ဖုန်းတွေ၊ အခြားထုတ် ကုန်တွေအတွက် အီလစ်ထရောနစ် အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ တန်တလမ်ဒြပ်စင် ပါဝင်ပါတယ်။

ကမ္ဘာ့တန်တလမ်ဒြပ်စင် ထုတ်လုပ်မှုရဲ့ ၁၅ ရာခိုင်နှုန်းဟာ ရူဘာယာဒေသမှလာတာလို့ AP သ တင်းဌာနက ဆိုပါတယ်။

ဥမင်လိုဏ်ခေါင်းတွေက လက်နဲ့တူးဖော်ပြီး ဘေးကင်းလုံခြုံရေး အစီအမံတွေ ညံ့ဖျင်းတာ ကြောင့် သတ္တုတွင်းတွေ ထပ်မံပြိုကျမှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

သတ္တုတွင်းတွေဟာ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ M23 အဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေအတွက် ရန်ပုံငွေ အ ရင်းအမြစ်တစ်ခု ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့က ထောက်ပြပါတယ်။

ရဝမ်ဒါနိုင်ငံက ကျောထောက်နောက်ခံပြုတဲ့ M23 သူပုန်အဖွဲ့ဟာ ကွန်ဂိုအစိုးရတပ်ဖွဲ့တွေနဲ့ မ ကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အရေးပါတဲ့ သတ္တုတူးဖော်မှုမှာ အကျိုးစီးပွားတွေရှိတာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိ ကန်အစိုးရဟာ ငြိမ်းချမ်းရေး ကြားဝင်ပေးဖို့ အရှိန်မြှင့်လာခဲ့ပါတယ်။

ကိုးကား – NHK
Ref; More than 200 dead in mine collapse in DR Congo