ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

 

စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း မြန်မာပြည်သူများသည် ပြင်းထန်ဆိုးရွားသည့် အကျပ် အတည်းများနှင့် ရင်ဆိုင်နေရပြီး ကလေးငယ် ထက်ဝက်ခန့်မှာ ပညာသင်ယူခွင့် ဆုံးရှုံးနေရကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က ပြောကြားသည်။

 

ဗြိတိန်(UK)အစိုးရအနေဖြင့် ပြီးခဲ့သည့်တစ်နှစ်အတွင်း မြန်မာပြည်သူ ၁.၄ သန်းကျော်အား လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ခဲ့ပြီး ၁.၃ သန်းအား ကျန်းမာရေး ဝန်ဆောင်မှုများ ပေးအပ်နိုင် ခဲ့သော်လည်း မြေပြင်အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ဖြစ်နေဆဲ ဖြစ်သည်။

အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ အကြမ်းဖက်မှုများနှင့် ဆက်လက်ကြုံတွေ့ နေရကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

 

ယင်းအပြင် မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေး ထုတ်လုပ်မှုနှင့် အွန်လိုင်းလိမ်လည်မှုကဲ့သို့သော ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားလာခြင်းသည် ယူကေနိုင်ငံအပေါ်တွင်လည်း သက် ရောက်မှုရှိနေကြောင်း ဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

UK အစိုးရသည် ထိခိုက်မှုအများဆုံး ခံရသော မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်နေပြီး တည်ငြိမ်သော အနာဂတ်တစ်ရပ်အတွက် ဆက်လက် ရပ်တည်သွားမည်ဟု ကတိကဝတ်ပြုထားသည်။

 

ပုံစာ- ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper ၊စစ်ကိုင်းတိုင်းမှ ပြည်သူများ စစ်ဘေးရှောင်ရန် ထွက်ပြေးစဉ်။