ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်
အာဆီယံအဖွဲ့ဟာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ တဲ့ မြန်မာရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဖွဲ့ဝင် (၁၁) နိုင်ငံပါ အာဆီယံအဖွဲ့ဟာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်ပြု လုပ်တဲ့ အပိုင်း (၃) ပိုင်းပါ မြန်မာရွေးကောက်ပွဲကို မထောက်ခံဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက စီဘူးမြို့မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ ပါတယ်။
ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှုတွေ အရှိန်မြှင့်နေစဉ်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တ ရားမျှတမှု မရှိသလို စစ်အုပ်ချုပ်ရေးကို တရားဝင်မှုရရှိစေတဲ့ ကြိုးပမ်းမှုအဖြစ် ရှုတ်ချခဲ့ကြပါတယ်။
အာဆီယံအဖွဲ့ရဲ့ မြန်မာရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ ငြင်းဆန်မှုဟာ နိုင်ငံတကာ တရားဝင် မှုရဖို့ စစ်အုပ်စုရဲ့ ကြိုးပမ်းမှုတွေအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေပါတယ်။
မြန်မာရွေးကောက်ပွဲကို အသိအမှတ်ပြု မပြု သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာ အာဆီယံအ ဖွဲ့က အပိုင်း (၃) ပိုင်းပါ မြန်မာရွေးကောက်ပွဲကို မထောက်ခံဘူးလို့ လာဇာရိုက ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိသော နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုဟာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုနဲ့ သက်ဆိုင်သူတွေ ပါဝင်မှု လိုအပ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။
“တရားဝင်မှုရှိပြီး ပြည်သူလူထုရဲ့ ထောက်ခံမှု အတိုင်းအတာတစ်ခုအထိ ရရှိမယ့်၊ အစိုးရတစ်ရပ် ပေါ်ထွက်လာစေဖို့ အဲဒီကြိုတင်သတ်မှတ်ချက်တွေ မရှိမဖြစ် လိုအပ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
မဲပေးသူများပြားမှုနဲ့အတူ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်တယ်ဟုဆိုကာ တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုကို ချီးကျူးထားပါတယ်။
“ရွေးကောက်ပွဲကို အစီအစဉ်တကျ ကျင်းပခဲ့ပြီး မဲပေးသူတွေ တက်ကြွစွာ ပါဝင်တဲ့အတွက် တ ရုတ်နိုင်ငံက ဂုဏ်ယူဝမ်းမြောက်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနဲ့ ဘက်စုံပါဝင်တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်ဖို့ အဆင်သင့်ရှိပါတယ်” လို့ တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊
ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောကြားခဲ့ပါတယ်။
ကိုးကား – Independent
Ref; Blow to Myanmar’s military rulers as 11 Southeast Asian nations refuse to recognise sham junta-run election