ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီးနောက် ပြည်တွင်းရွှေဈေးလိုက်ပါမြင့်တက်လာကာ ယခုတစ်ပတ်အတွင်း အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၂၀ ထိမြင့်လာပြီး ယနေ့ဈေးပိတ်ချိန်တွင် ကျပ် သိန်း ၁၀၀ ဝန်းကျင်ရှိကြောင်းရွှေဈေးကွက်အတွင်းစုံစမ်းသိရသည်။
ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်တွင်းအကယ်ဒမီခေါက်ရွှေ (စနစ်ဟောင်း) တစ်ကျပ်သားလျှင် ဝယ်ဈေးကျပ်သိန်း ၁၀,၅၇၀,၀၀ နှင့် ရောင်းဈေး ကျပ်သိန်း ၁၀,၆၀၀,၀၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စ အမေရိကန်ဒေါ်လာ ၄၈၈၅ ဒေါ်လာ ရှိကြောင်းသိရသည်။
အဆိုပါပြည်တွင်းရွှေဈေးတရိပ်ရိပ်မြင့်နေသည်မှာ တစ်လနီးပါးရှိပြီးဖြစ်သော်လည်း စစ်ကော်မရှင်၏ ရည်ညွှန်းဈေးသည် ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၆၀ သတ်မှတ်ထားရာမှ ယနေ့တွင် ကျပ် ၆၉ အထိ တိုးမြင့်သတ်လိုက်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ကမ္ဘော့ရွှေးနှင့် မြန်မာ့ရွှေဈေးအမြင့်ဆုံးတက်ခဲ့ကာ ကမ္ဘာ့ရွှေ တစ်အောင်စ ကန်ဒေါ်လာ ၅၅၀၀ နှင့် မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ် သိန်း ၁၂၀ အထိမြင့်တက်ခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ကမ္ဘာ့ရွှေတစ်အောင်စ ကန်ဒေါ်လာ ၅၁၇၉ နှင့် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ဝယ်ဈေး ကျပ်သိန်း ၁၁,၅၃၀,၀၀ ကျပ်နှင့် ရောင်းဈေး ကျပ်သိန်း ၁၁,၅၅၀,၀၀ ကျပ်ရှိခဲ့သည်။
ယင်းပြင် ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကမ္ဘာ့ရွှေတစ်အောင်စ ကန်ဒေါ်လာ ၅၀၁၃ နှင့် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ဝယ်ဈေး ကျပ်သိန်း၁၀,၅၄၀,၀၀ ကျပ်နှင့် ရောင်းဈေး ကျပ်သိန်း ၁၀,၅၇၀,၀၀ ကျပ်ရှိကြောင်း ရွှေဈေးကွက်မှစုံစမ်းသိရသည်။
ထို့ပြင် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကမ္ဘာ့ရွှေတစ်အောင်စ ကန်ဒေါ်လာ ၅၀၄၇ နှင့် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ဝယ်ဈေး ကျပ်သိန်း၁၀,၅၄၀,၀၀ နှင့် ရောင်းဈေး ကျပ်သိန်း ၁၀,၅၇၀,၀၀ ရှိကြောင်းသိရသည်။
ယခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၅ သိန်းဝန်းကျင်သာရှိခဲ့သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်