ဘာသာပြန် – MZH
မြန်မာနိုင်ငံဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အလေးအနက်ထားတဲ့ အာရုံစိုက်မှုကို မရရှိ သေးပါဘူး။ အခြားဒေသတွေမှာ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် အ ဓိကအကြောင်းပြချက်တွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေ၊ အွန် လိုင်းငွေလိမ်လုပ်ငန်းတွေ၊ တရုတ်နိုင်ငံအား ထိန်းချုပ်ကန့်သတ်ရေးနဲ့ မြေရှားသတ္တုကိစ္စတွေမှာ မြန်မာ နိုင်ငံဟာ သိသိသာသာ အားကောင်းနေမယ့် အခုလို နှုတ်ဆိတ်နေခြင်းက အံ့အားသင့်စရာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ ဒေသများစွာမှာ တက်ကြွသော ခုခံတွန်းလှန်မှုတွေ ရှိနေဆဲဖြစ်ပေမယ့်၊ စစ်တပ်က သွေးထွက်သံယိုဖြစ်စေသော အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့ပြီး ငါးနှစ်အကြာမှာကျင်းပတဲ့ ယခုရွေး ကောက်ပွဲကို စစ်အုပ်ချုပ်ရေးအား တရားဝင်ဖြစ်စေဖို့ ကြိုးပမ်းတဲ့ လှည့်ဖြားမှုနဲ့ အရှက်မရှိတဲ့ လုပ်ရပ်တစ် ခုအဖြစ် လူအများက ရှုမြင်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ထိန်းသိမ်းခံထား ရဆဲဖြစ်ပြီး ခုခံတွန်းလှန်မှုတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရ ပါတယ်။ ရွေးကောက်ပွဲရလဒ်မှာလည်း မျှော်လင့်ထားတဲ့အတိုင်း စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေမှာ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတစ် ခု ဖြစ်ပေါ်လာဖို့ လိုအပ်ချက်များထက် များစွာ လျော့နည်းနေကြောင်း သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါနဲ့ န ယူးဇီလန်နိုင်ငံတို့က တညီတညွတ်တည်း ထုတ်ဖော်ပြောခဲ့ပါတယ်။ အာဆီယံအဖွဲ့ကပင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
သို့သော်လည်း အခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲများအပေါ် မှတ်ချက်မပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဌာနကို ဒေါ်နယ်ထရမ့်က ညွှန်ကြားခဲ့ရာ အမေရိကန်နိုင်ငံက အခြားနိုင်ငံများနဲ့အတူ ပူးပေါင်းကာ ပြစ် တင်ရှုတ်ချခြင်းမျိုး မလုပ်ဆောင်ခဲ့ပေ။
မြန်မာနိုင်ငံရှိ မြေရှားသတ္တုသိုက်တွေကိုလည်း အမေရိကန်အစိုး ရအတွက် စိတ်ဝင်စားပုံမရပေ။ ကမ္ဘာ့အဆင့် (၈) ရှိတဲ့ မြေရှားသတ္တုသိုက်တွေရှိမယ်လို့ ခန့်မှန်းရတဲ့ ဂရင်း လန်ကျွန်းကို ဝယ်ယူဖို့ ဒေါ်နယ်ထရမ့် စိတ်ဝင်စားရခြင်းမှာလည်း အဆိုပါသတ္တုသိုက်တွေကို ထိန်းချုပ်နိုင် ဖို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ မြေရှားသတ္တုတွေကို ရရှိနိုင်ရေးအတွက် ဝါရှင်တန်အာဏာပိုင်တွေကို ပြီးခဲ့တဲ့နှစ်က ဆွဲ ဆောင်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သော်လည်း၊ ယင်းအဆိုပြုချက်မှာ အကောင်အ ထည် ပေါ်လာခြင်း မရှိပေ။ မြန်မာ့မြေရှားသတ္တုများကို ရယူနိုင်ဖို့ လက်တွေ့ကျသော စိန်ခေါ်မှုများစွာ ရှိနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ကိုကင်းမှောင်ခိုမှု၊ ပူးပေါင်းကြံစည်မှု စွဲချက်တွေနဲ့ ဗင်နီဇွဲလားသမ္မတ နီ ကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးဖို့ ခွင့်ပြုခဲ့ဖူးတဲ့ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့တရားမဝင် ဘိန်းဖြူအဓိကထွက်ရှိ ရာနဲ့ စိတ်ကြွဆေးပြား အဓိကထုတ်လုပ်ရာအဖြစ် လူသိများတဲ့ မြန်မာနိုင်ငံအပေါ်တွင်မူ ထိုသို့သော စိတ် ဝင်စားမှုမျိုး မပြသသေးပေ။
မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ခံထားရဆဲဖြစ်ပေမယ့် မူးယစ်ဆေးဝါးဆိုင်ရာ စွဲချက်များမှာမူ မရှိသေးဘဲ အမေရိကန်ဦးဆောင် တဲ့ ဖမ်းဆီးခေါ်ဆောင်မှု စစ်ဆင်ရေးမျိုးကို ကြောက်ရွံ့စရာ အကြောင်းရင်းလည်း မရှိသလောက် ပင်ဖြစ် ပါတယ်။ မာဒူရိုကို ဖမ်းဆီးပြီး ရက်ပိုင်းအတွင်းမှာပင် ဗင်နီဇွဲလားရှိ မူးယစ်ရာဇာ အုပ်ချုပ်ရေးစနစ်ကို အ ရေးယူပြီး မြန်မာနိုင်ငံရှိ ထိုသို့သော စနစ်မျိုးကိုမူ သည်းခံ၍မရနိုင်ဟုဆိုကာ မြန်မာအာဏာသိမ်းခေါင်း ဆောင်ကို ပြတ်သားစွာ အရေးယူဖို့ ဒေါ်နယ်ထရမ့်ထံ လူထုက တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
အဆိုပါတောင်းဆိုမှုတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ ရှင်းလင်းပြတ်သားသော နိုင်ငံခြားရေးမူဝါဒ ရည် မှန်းချက်တွေနဲ့ ကိုက်ညီမှုမရှိပေ။ အမျိုးသားလုံခြုံရေး မဟာဗျူဟာအသစ်အရ အခြားနိုင်ငံတွေရဲ့ လှုပ် ရှားမှုတွေက အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်မှသာလျှင် စိုးရိမ်ဖွယ်ရာအဖြစ် သတ်မှတ်မှာဖြစ်ပြီး ဒေါ်နယ်ထရမ့်ရဲ့ ‘မွန်ရိုးဝါဒ’ (Monroe Doctrine) အယူဝါဒမှာလည်း အမေရိကန်အ နေဖြင့် အနောက်ကမ္ဘာခြမ်းတွင်သာ အဓိကသြဇာသက်ရောက်ဖို့ ရည်မှန်းထားပါတယ်။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာခေါင်းဆောင်ကို ဖမ်းဆီးရန် စဉ်းစားဖို့ နေနေသာသာ အတုအ ယောင် ရွေးကောက်ပွဲများကိုပင် ပြစ်တင်ရှုတ်ချဖို့ အလားအလာ မရှိသလောက်ပင် ဖြစ်ပါတယ်။ အမေရိ ကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ သြစတြေးလျတို့ရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုအနေနဲ့ မြန်မာနိုင်ငံဟာ တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ် ဆောင်လာပါတယ်။
ဝါရှင်တန်ရှိ သဘောထားတင်းမာသော သုတေသနအဖွဲ့များ (Hawkish think tanks) ကမူ တ ရုတ်နိုင်ငံအား နေရာလွတ်ပေးလိုက်သကဲ့သို့ မဖြစ်စေဖို့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ထိ တွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဤအချက်အပေါ်မှာလည်း ဒေါ် နယ်ထရမ့်ထံမှ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။ ယခုအချိန်အထိ ဒေါ်နယ်ထရမ့်ရဲ့ ဦးစားပေးလုပ်ငန်း စဉ်တွေမှာ နယ်စပ်ကာကွယ်ရေးကိစ္စရပ်တွေမှာသာ မြန်မာနိုင်ငံနဲ့ ထိစပ်မှုရှိပါတယ်။
ဒေါ် နယ်ထရမ့်ဟာ ၂၀၂၅ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံသားတွေကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် လုံးဝရပ်ဆိုင်းဖို့ အမိန့်ထုတ် ပြန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီးနိုယမ်က မြန်မာနိုင်ငံ သားတွေရဲ့ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုနှုန်း အလွန်မြင့်မားနေခြင်းဟာ နိုင်ငံတော်အကျိုးစီးပွားကို ဆန့်ကျင်နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ထိုအချက်အပေါ် အခြေခံပြီး ၎င်းက မြန်မာနိုင်ငံသားတွေအ တွက် ယာယီခိုလှုံခွင့် (Temporary Protected Status – TPS) သတ်မှတ်ချက်မှ ပယ်ဖျက်ခဲ့ရာ TPS ရရှိ ထားတဲ့ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာမှာ အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်၊ အလုပ်လုပ်ကိုင် ခွင့် ဆုံးရှုံးမယ့် အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း အဆိုပါ ဆုံးဖြတ်ချက်ကို အမေရိကန် ခ ရိုင်တရားရုံးတစ်ခုက မကြာသေးမီက ဆိုင်းငံ့ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံအပေါ် အခွင့်ကောင်းယူနေပြီး ဗီဇာစနစ်ကို အလွဲသုံး စား လုပ်နေသူတွေအဖြစ် ရှုမြင်ခံနေရပါတယ်။ ထိုသို့သော အမြင်တွေကြောင့် အရေးယူဆောင်ရွက်မှုတွေ ဟာ စစ်အုပ်ချုပ်ရေးယန္တရားကိုမဟုတ်ဘဲ မြန်မာပြည်သူတွေကိုသာ နစ်နာစေခဲ့ပါတယ်။ တွန်းအားပေး နေတဲ့ အကြောင်းရင်းတွေကို ပြစ်တင်ရှုတ်ချမယ့်အစား ခရစ္စတီးက နိုင်ငံတော်အရေးပေါ်အခြေအနေ ပြီး ဆုံးသွားခြင်း၊ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာခြင်းတို့ကို နိုင်ငံရေးတည်ငြိမ်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတွေအဖြစ် လွယ်လွယ်ကူကူပင် ကိုးကားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက် ပွဲအကြောင်းကို ထည့်သွင်းပြောကြားခြင်း မရှိပေမယ့် မြန်မာ့အရေးမှာ အလွန်ဆိုးရွားတဲ့ အခြေအနေမှာရှိ ကြောင်း ပုံဖော်ပြောဆိုခဲ့ပါတယ်။ ရှေ့ဖြစ်လာနိုင်ခြေတွေကို ကြည့်မယ်ဆိုရင် ‘အမေရိကန်ကို ပထမဦး စားပေးရေး’ (America First) မူဝါဒကို ကျင့်သုံးခြင်းကြောင့် အမျိုးသားအကျိုးစီးပွားနှင့် တိုက်ရိုက်သက် ဆိုင်တယ်လို့ ယူဆရတဲ့ကိစ္စရပ်တွေမှာ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ စည်းကြပ်ခွန်တွေနဲ့ ခြိမ်းခြောက် ခြင်းမျိုး အပါအဝင် မြန်မာနိုင်ငံမှ အရပ်သားအစိုးရအတုအယောင်နဲ့ အမေရိကန်တို့ကြား ရံဖန်ရံခါ ထိ တွေ့ဆက်ဆံမှုတွေ ရှိလာနိုင်ပါတယ်။
သို့သော်လည်း အနောက်ကမ္ဘာခြမ်းတွင် တွေ့ရလေ့ရှိတဲ့ စစ်ရေးအရ သို့မဟုတ် ပြင်းထန်သော ဝင်ရောက်စွက်ဖက်မှုမျိုး ဖြစ်လာဖို့ အလားအလာမရှိပါဘူး။ အခြားသော အနောက်နိုင်ငံတွေကမူ မြန်မာ နိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုနေကြမှာဖြစ်ပေမယ့် စစ်အစိုးရအား တရား ဝင်မှုပေးခြင်းကို ရှောင်လွှဲကြမှာဖြစ်ပါတယ်။ ခြုံငုံကြည့်ရရင် မြန်မာ့ရွေးကောက်ပွဲအပေါ် အမေရိကန်ရဲ့ နှုတ်ဆိတ်နေမှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေအပေါ် အနောက်နိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေကြား သ ဘောထားကွဲလွဲမှု ပိုမိုကြီးထွားလာနေခြင်းကို ပေါ်လွင်စေပါတယ်။
ဇန်နဝါရီလ ၃၀ ရက်က The Interpreter ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Nicholas Coppel ရဲ့ US policy in post-election Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။