ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
အမေရိကန်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းဖို့ မဟုတ်ပါက လေယာဉ်တင်သင်္ဘောတစ်စင်း ဉီးဆောင်တဲ့ အ မေရိကန်စစ်သင်္ဘောတွေ အနောက်အာရှဒေသသို့ သွားရောက်နေတာကြောင့် တိုက်ခိုက်မှု ရင်ဆိုင်ရနိုင် တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို ပြောပါတယ်။
“မျှတတဲ့ သဘောတူညီချက်ကို ဆွေးနွေးဖို့ အီရန်နိုင်ငံက စားပွဲဝိုင်းကို မြန်ဆန်စွာ လာရောက်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ မဟုတ်ရင် ဗင်နီဇွဲလားမှာ နီကိုးလတ်မာဒူရိုကို ဖမ်းဆီးရာမှာ ဆောင်ရွက်ခဲ့ သလိုမျိုး မစ်ရှင်ကို အပြည့်အဝ ဖော်ဆောင်ဖို့ အမေရိကန်တပ်ဖွဲ့တွေ ပြင်ဆင်ထားပါတယ်” လို့ ၎င်းက လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် ဖြိုခွင်းပါက အီရန်ပြည်တွင်း ရေးမှာ ဝင်ပါရမယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်နိုင်ငံကို စောင့်ကြည့်နေပြီး အမေရိကန်ရေယာဉ်စု အရှေ့အလယ်ပိုင်းဒေသသို့ ဉီးတည်ပြီး မောင်းနှင်နေတယ်လို့ ၎င်းက ပြီးခဲ့တဲ့အပတ်မှာ Air Force One လေယာဉ်ပေါ်၌ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်နိုင်ငံက အီရန်ကို တိုက်ခိုက်ပါက လေပိုင်နက်ကို အသုံးပြုခွင့်မပေးဘူးလို့ ဆော်ဒီ အာရေးဘီးယားနဲ့ ယူအေအီးနိုင်ငံတို့က ပြောကြားခဲ့ပါတယ်။
ပင်တဂွန်ဟာ ဒီလအစောပိုင်းမှာ လေယာဉ်တင်သင်္ဘော အေဘရာဟမ်လင်ကွန်းကို အရှေ့အ လယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့သလို တောင်တရုတ်ပင်လယ်ရှိ တိုမာဟော့ခ်ဒုံးကျည်တပ် ဖျက်သင်္ဘော တွေ အနောက်အာရှဒေသသို့ သွားရောက်နေပြီလို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူနှစ်ဉီးက ပြောပါတယ်။
အမေရိကန်လေတပ်ဟာ တိုက်လေယာဉ်အရေအတွက် တိုးမြှင့်ဖို့ ပြီးခဲ့တဲ့အပတ်က F-15 တိုက် လေယာဉ် တစ်ဒါဇင်ကို အနောက်အာရှဒေသသို့ စေလွှတ်ခဲ့ပါတယ်။
အပြန်အလှန် လေးစားသမှုနဲ့ အကျိုးစီးပွားကို အခြေခံတဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ အီရန်နိုင်ငံက အ ဆင်သင့်ရှိပေမယ့် တွန်းအားပေးပါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပြီး ယခင်နဲ့မတူအောင် လက်တုံ့ ပြန်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – AF
Ref; Trump tells Iran to negotiate nuclear deal or risk far worse attack as US armada moves in