ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

တရုတ်အစိုးရက မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့ စစ်ခေါင်းဆောင် မြီမိသားစုဝင် ၁၁ ဦးကို အွန်လိုင်းကျားဖြန့် လိမ်လည်မှု၊ လူသတ်မှုတွေ အပါအဝင် ရာဇဝတ်မှုတွေ ကွပ်မျက်လိုက်တယ် လို့ တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

သတ်ဖြတ်မှု၊ ဒဏ်ရာရစေမှု၊ တရားမဝင် ဖမ်းဆီးမှု၊ လိမ်လည်မှု၊ လောင်းကစားမှု အပါအဝင် ရာဇ ဝတ်မှုတွေကြောင့် မြီမိသားစုဝင် ၁၁ ဉီးကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျဲကျင်းပြည်နယ်၊ ဝမ်ကျိုးမြို့ရှိ တရား ရုံးတစ်ရုံးက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ အရင်ဆုံး သေဒဏ်ချမှတ်ခဲ့တာပါ။

မြီမိသားစုဝင်တွေက စီရင်ချက်ကို အယူခံဝင်ခဲ့ပေမယ့် ပြည်နယ်တရားရုံးက ၂၀၂၅ ခုနှစ်၊ နိုဝင် ဘာလမှာ အယူခံကို ပယ်ချခဲ့ပါတယ်။

တရုတ် တရားရုံးချုပ်က နောက်ပိုင်းမှာ သေဒဏ်ကို အတည်ပြုခဲ့ပါတယ်။ မြီမိသားစုဝင်တွေဟာ ကျားဖြန့်၊ တရားမဝင် လောင်းကစားတွေ လုပ်ကိုင်ကာ အခြားရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုကာ တရုတ် တရားရုံးချုပ်က သေဒဏ်ကို အတည်ပြုခဲ့ပါတယ်။

မြီမိသားစုဝင်တွေရဲ့ ကျားဖြန့်လိမ်လည်မှုနဲ့ လောင်းကစားမှုဟာ ယွမ် ၁၀ ဘီလီယံနဲ့ညီမျှတဲ့ ဒေါ် လာ ၁ ဒသမ ၄ ဘီလီယံအထိ ပါဝင်ခဲ့တယ်လို့ တရုတ် တရားရုံးချုပ်က ပြောပါတယ်။

ကျားဖြန့်ဂိုဏ်းတွေဟာ လူသတ်မှု၊ တိုက်ခိုက်မှုနဲ့ တရားမဝင် ဖမ်းဆီးမှုတွေ ပြုလုပ်ကာ တရုတ် နိုင်ငံသား ၁၄ ဉီး သေဆုံးစေခဲ့ပြီး အခြားလူတွေကို ဒဏ်ရာရစေခဲ့ပါတယ်။

တရုတ် တရားရုံးချုပ်ရဲ့ အတည်ပြုချက်အရ ကွက်မျက်မှုကို ဝမ်ကျိုးတရားရုံးက လုပ်ဆောင်ခဲ့ တာလို့ သိရပါတယ်။

ကိုးကား – Xinhua
Ref; China executes 11 from northern Myanmar telecom fraud rings