ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

တောင်ကိုရီးယား တရားရုံးတစ်ရုံးဟာ ဇိမ်ခံလက်ဆောင်တွေ လက်ခံရယူမှုကြောင့် သမ္မတက တော်ဟောင်း ကင်ကီဟီအား ထောင်ဒဏ် တစ်နှစ်နဲ့ရှစ်လ ချမှတ်လိုက်ပါတယ်။

သမ္မတဟောင်း ယွန်ဆတ်ခ်ယိုလ်ရဲ့ဇနီးသည် ကင်ကီဟီဟာ ဆွေမျိုးတစ်ဉီးမှတစ်ဆင့် ဘာသာ ရေးအဖွဲ့တစ်ခုရဲ့ အကြီးတန်း အရာရှိတစ်ဉီးထံမှ လက်ကိုင်အိတ်တစ်လုံး၊ လည်ဆွဲတစ်ခု လက်ခံရယူမှု အပါအဝင် စွဲချက်သုံးခုအတွက် တရားရင်ဆိုင်နေရပါတယ်။

ကင်ကီဟီက စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပေမယ့် အထူး ဥပဒေအကျိုးဆောင်အဖွဲ့က ထောင် ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ကြေး ဒေါ်လာ ၁ ဒသမ ၄ သန်း ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဆိုးလ်ဗဟိုခရိုင်တရားရုံးဟာ ဗုဒ္ဓဟူးနေ့က ကင်ကီဟီမှာ လက်ဆောင်တွေ လက်ခံရယူမှုကြောင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ကိုယ်ကျိုးရှာဖို့ အာဏာကို အလွဲသုံးစားခဲ့တယ်လို့ ပြောပါတယ်။

ထောင်ဒဏ်အပြင် ဒေါ်လာ ၉၀၀၀ ခန့်နဲ့ညီမျှတဲ့ ဒဏ်ကြေးဆောင်ဖို့လည်း ကင်ကီဟီအား တရား ရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ကားတင်သွင်းသူတစ်ဉီးရဲ့ ရှယ်ယာတွေမှာ ထည့်ဝင်ခြင်းအားဖြင့် အကျိုးအမြတ် ရယူခဲ့ခြင်း အ ပါအဝင် တရားရုံးက ကင်ကီစီရဲ့ အခြားစွဲချက်နှစ်ခုကို ရုတ်သိမ်းခဲ့ပါတယ်။

တရားရုံးရဲ့ စီရင်ချက်ကို လုံးဝ လက်မခံပဲ အယူခံဝင်ဖို့ အစီအစဉ်ရှိကြောင်း အထူး ဥပဒေအ ကျိုးဆောင်အဖွဲ့က ပြောကြားခဲ့ပြီး အယူခံ ဝင် မဝင် စဉ်းစားမယ်လို့ ကင်ကီဟီရဲ့ရှေ့နေက ဆိုပါတယ်။

ကိုးကား – NHK
Ref; South Korea’s former first lady sentenced to 20 months in prison