ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
မြန်မာပြည်တွင်းစစ် အဆုံးသတ်မယ့် ငြိမ်းချမ်းသော၊ တာရှည်ခံသော အဖြေတစ်ခုရှာဖို့ အာဆီယံ အဖွဲ့မှ ထိပ်တန်းသံတမန်တွေက ဗုဒ္ဓဟူးနေ့မှာ ထပ်လောင်းကတိပြုခဲ့ပါတယ်။
ရှေ့ဆက်မယ့်နည်းလမ်းတွေနဲ့ မြန်မာကိုယ်တိုင်ဉီးဆောင်မယ့် အဖြေတစ်ခုရှာဖို့ ဆွေးနွေးခဲ့တယ် လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တံခါးပိတ် အလွတ်သဘော ဆွေးနွေးမှုပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင် နိုင် ငံခြားရေးဝန်ကြီး ထရီဇာလာဇာရိုက ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ဆောင်ရေး အမြင်တွေ မျှဝေခဲ့ပြီး ရှေ့ဆက်ရမယ့်နည်းလမ်းတွေ ဆွေးနွေးကာ မြန်မာကိုယ်တိုင်ဉီးဆောင်တဲ့ ငြိမ်းချမ်း၍ တာရှည်ခံသော အ ဖြေတစ်ခုရှာဖို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်လို့ ၎င်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
မြန်မာစစ်အုပ်စုက အပြီးသတ်အဆင့် ရွေးကောက်ပွဲကျင်းပပြီး တစ်ပတ်အကြာမှာ နှစ်ရက်ကြာ တံခါးပိတ် ဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ယခုဆွေးနွေးပွဲမှာ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်တစ်ဉီး လည်း တက်ရောက်ခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။
“အာဆီယံနိုင်ငံအားလုံးက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုရဲ့ အထူးကိုယ်စား လှယ် အခန်းကဏ္ဍကို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ပါတယ်” လို့ အာဆီယံ သံတမန်တစ်ဉီးက ပြောပါ တယ်။
အာဆီယံအဖွဲ့က မြန်မာရွေးကောက်ပွဲရလဒ်ကို မထောက်ခံသလို ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာသူလည်း မစေလွှတ်ဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပါတယ်။
မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု စံနှုန်းသတ်မှတ်ချက်တွေ မပြည့်မီဘူးလို့ ၎င်းက ဆိုပါတယ်။
ကိုးကား – GMA News
Ref; ASEAN diplomats reaffirm ‘peaceful and lasting solution’ to end Myanmar civil war