ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးနေရာကို ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အစား စစ်ရေးချုပ် ဒုဗိုလ် ချုပ်ကြီး ဖုန်းမြတ်ကို ပြောင်းလဲခန့်အပ်လိုက်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ပြည်ထဲရေးဝန်ကြီးအဖြစ် တစ်နှစ်ခန့်သာ တာဝန်ထမ်းဆောင်ခဲ့ရသည့် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်ကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့ပြီး ၎င်း၏နေရာတွင် စစ်ရေးချုပ်နှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်များ ထမ်းဆောင်ခဲ့ဖူးသူ OTS-၇၃ ဆင်း ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို အစားထိုးလိုက်ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်ကို စစ်ဘက်သို့ ပြန်ပို့ကာ ၎င်းနေရာတွင် ဒုစစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် မင်းသူကို အစားထိုးခန့်အပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဝန်ကြီးအဆင့်ကိုပါ ထပ်မံပြောင်းလဲလိုက်ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ထဲရေးဝန်ကြီးနေရာသည် အပြောင်းအလဲ အများဆုံးနေရာ ဖြစ်လာပြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ယခု ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်အထိ ဝန်ကြီး လေး ဦးအထိ လဲလှယ်ခဲ့ပြီးဖြစ်သည်။

ယခင်ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုမူ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စား အကျင့်ပျက်ခြစားမှုဖြင့် ရာထူးမှ ဖြုတ်ချကာ ထောင်ချဖမ်းဆီးထားသည်။

ပုံစာ-ဒုဗိုလ် ချုပ်ကြီး ဖုန်းမြတ်