ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

ရုရှားစစ်တပ်အနေနဲ့ တစ်လလျင် တပ်ဖွဲ့ဝင် ၅၀၀၀၀ ခန့် ထိခိုက်သေဆုံးမှုရှိမှသာ ဘာအတွက် တိုက်ခိုက်နေတယ်ဆိုတာ ပြန်လည်သုံးသပ်လာမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

တနင်္လာနေ့ကပြုလုပ်တဲ့ စစ်ဘက်အခမ်းအနားတစ်ခု၌ မိန့်ခွန်းပြောကြားရာမှာ ဇီလန်စကီးက အ ခုလို မှတ်ချက်ပြုခဲ့တာပါ။

ယူကရိန်းစစ်တပ်ဟာ ဒီဇင်ဘာလအတွင်း ရုရှားတပ်ဖွဲ့ဝင် ၃၅၀၀၀ ခန့်ကို သုတ်သင် သို့မဟုတ် ဒဏ်ရာရစေခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

“အာဖဂန်နစ္စတန်စစ်ပွဲ (၁၀) နှစ်ကျော်ကာလအတွင်း ဆိုဗီယက်စစ်တပ် ဆုံးရှုံးခဲ့တဲ့ တပ်ဖွဲ့ဝင်အင် အားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ် တစ်လအတွင်း ဆုံးရှုံးခဲ့တာရဲ့ ထက်ဝက်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းစစ်တပ်ရဲ့တာဝန်ဟာ ရုရှားစစ်တပ်က လစဉ် ပို့ဆောင်မယ့် စစ်ကူအင်အားကို ထိခိုက် ပျက်စီးအောင် ချေမှုန်းဖို့ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ရန်သူပစ်မှတ် ၈၀ ရာခိုင်နှုန်းကျော်ကို ဒရုန်းတွေနဲ့ ဖျက်ဆီးနေပြီး ပြီးခဲ့တဲ့တစ်နှစ်အတွင်း ပစ်မှတ် ၈၀၀၀၀ ကျော်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ယူကရိန်းစစ်တပ်အတွက် ဒရုန်းထုတ်လုပ်မှု တိုးမြှင့်ဖို့နဲ့ ဒရုန်းသစ်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ထား တယ်လို့ သူက ပြောပါတယ်။

ယူကရိန်းနိုင်ငံတောင်ပိုင်း၊ အိုဒစ်ဆာမြို့မှာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူသုံးဉီး သေဆုံးခဲ့ပြီး ၂၅ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: 50,000 Russian losses per month is ‘optimal level’