ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကျူးဘားနိုင်ငံရဲ့မဟာမိတ် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို အား ဖယ်ရှားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ထပ်တလဲလဲ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ရေး ကျူးဘားကို ပံ့ ပိုးကူညီဖို့ တရုတ်နိုင်ငံက ကတိပြုလိုက်ပါတယ်။
တရုတ်နဲ့ကျူးဘားဟာ ဆိုရှယ်လစ် မဟာမိတ်တွေဖြစ်ပြီး တရုတ်အာဏာပိုင်တွေဟာ အမေရိ ကန်နိုင်ငံရဲ့ ဆယ်စုနှစ်ချီ ကျူးဘားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။
ကျူးဘားနိုင်ငံ ပြိုလဲတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီလအတွင်း သတိပေးပြီး နောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
သဘောတူညီချက်တစ်ရပ် ပြုလုပ်ဖို့ သို့မဟုတ် ဗင်နီဇွဲလားလို တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံကို ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ကျူးဘားအပေါ် လုပ်ရပ်တွေကို တရုတ်နိုင်ငံက အလွန်အမင်း စိုးရိမ်ပြီး ကန့် ကွက်ပါတယ်လို့ တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဇန်နဝါရီလ ၂၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပျက်ပြားစေတာ ရပ်တန့်ဖို့ ကျွန်တော်တို့ အမေရိကန်နိုင် ငံကို တိုက်တွန်းပါတယ်။ ကျူးဘားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုအားလုံး ချက်ချင်း ရုတ်သိမ်းဖို့ ကျွန် တော်တို့ အမေရိကန်နိုင်ငံကို တောင်းဆိုပါတယ်” လို့ ၎င်းက ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ကျူးဘားနိုင်ငံသို့ တတ်နိုင်သမျှ ပံ့ပိုးကူညီမှုတွေ ဆက်လက်ပြီး ပေးအပ်မယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်အစိုးရဟာ ကျူးဘားနိုင်ငံသို့ ရေနံတင်သွင်းမှုအားလုံး ရပ်ဆိုင်းမယ့် ရေတပ်ပိတ်ဆို့မှု ပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ Politico သတင်းဌာနက ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြခဲ့ပါတယ်။
ကျူးဘားသမ္မတ မီဂွယ်ဒီအက်ဇ်ကာနယ်ဟာ ဇန်နဝါရီလ ၂၄ ရက်က စစ်ရေးလေ့ကျင့်မှုတွေကို ကြီးကြပ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ကျူးကျော်လာနိုင်မှုကို ဟန့်တားဖို့ လေ့ကျင့်တာလို့ ပြောပါတယ်။
ကိုးကား – AFP
Ref; China vows ‘support’ for Cuba after US threats