ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်
အမေရိကန်နိုင်ငံဟာ ဒီလအစောပိုင်းမှာ ဗင်နီဇွဲလားသမ္မတ နီကိုးလတ်မာဒူရိုအား ဖမ်းဆီးတဲ့ စစ် ဆင်ရေးအတွင်း လျှို့ဝှက်လက်နက်သစ်တစ်မျိုးကို အသုံးပြုခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က The New York Post ကို ပြောပါတယ်။
အဆိုပါလက်နက်သစ်ဟာ “Discombobulator” လို့ စနေနေ့က အမေရိကန်သတင်းစာ The New York Post က ဖော်ပြတဲ့ အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်က ခေါ်ဆိုခဲ့ပါတယ်။
“ဒီလက်နက်အကြောင်း ကျွန်တော် ပြောခွင့်မရှိပေမယ့် ရန်သူ့စစ်လက်နက်တွေကို ဖျက်ဆီးပစ်ခဲ့ ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဗင်နီဇွဲလားစစ်တပ်မှာ ရုရှားနဲ့တရုတ်ဒုံးကျည်တွေ ရှိခဲ့ပေမယ့် တစ်ခါမှ မပစ်နိုင်ခဲ့ပါဘူး။ အမေရိ ကန်တပ်ဖွဲ့တွေ ဝင်လာချိန်မှာ အဲဒီဒုံးပျံတွေကို ခလုပ်နှိပ်ခဲ့ပေမယ့် အလုပ်မလုပ်ခဲ့ပါဘူး” လို့ ၎င်းက ဆိုပါ တယ်။
ရေဒါစနစ်အားလုံးဟာ မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ရုတ်တရက် ပိတ်သွားခဲ့တယ်လို့ မာ ဒူရိုရဲ့ အစောင့်တစ်ဉီးက ပြောပါတယ်။
“ကျွန်တော့်ခေါင်းထဲကနေ ရုတ်တရက် ပေါက်ကွဲသလို ခံစားခံရတယ်” လို့ အဆိုပါအစောင့်က ဆက်ပြောပါတယ်။ အဆိုပါနေရာရှိသူများမှာ သွေးထွက်၊ အန်ပြီး မြေပြင်ပေါ် လဲကျသွားခဲ့တယ်လို့ သ တင်းရင်းမြစ်က ပြောပါတယ်။
ထိုဖြစ်စဉ်ကို ပြောပြသူတွေနဲ့ ဒေါ်နယ်ထရမ့် ဖော်ပြခဲ့တဲ့လက်နက်ကြား ပတ်သက်မှုမှာ ယခုချိန် ထိ မရှင်းလင်းပေ။
ကိုးကား – NHK
Ref; Trump: US used secret weapon in raid on Venezuela’s Maduro