ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

 

ပါကစ္စတန်နိုင်ငံသို့ရောက်ရှိနေသော စစ်ကော်မရှင်လက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအကြား မူဝါဒရေးရောညှိနှိုင်းရေးကိုလက်မှတ်ရေးထိုးပြီး ကဏ္ဍပေါင်းစုံပူးပေါင်းရန်ဆွေးနွေးကြောင်း သတင်းရရှိသည်။

 

ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ကပြုလုပ်သည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးကြောင်း သိရသည်။

 

အဆိုပါဆွေးနွေးပွဲတွင်နှစ်နိုင်ငံ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေး၊ နည်းပညာ၊ ကျန်းမာရေး၊ ယာဉ်ကျေးမှုကဏ္ဍအပါအဝင် ကုသမဂ္ဂ၊ အာဆီယံ၊ အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( SCO) တို့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင်ပူးပေါင်းပါဝင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က စစ်ကော်မရှင်လက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပါကစ္စတန် ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးဖိတ်ကြားချက်အရသွားရောက်ခြင်းဖြစ် ကြောင်းသတင်းထုတ်ပြန်ထားသည်။

 

ခရီးစဉ်မတိုင်မီ ဇန်နဝါရီ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ တာရိခ်ကာရီးမ်ကိုတွေ့ဆုံခဲ့သည်။

 

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာအဖြစ် ပါကစ္စတန်သံအမတ်ကြီး မစ္စတာ တာရိခ်ကာရီးမ်ကိုခန့်အပ်ထားခြင်းဖြစ်သည်။

ဓာတ်ပုံ – MOFA