ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

တရုတ်နိုင်ငံဟာ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် တာရှည်ခံသော ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး ရရှိရေး၊ အကြမ်းဖက်မှု လျှော့ချရေးမှာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို ထောက်ခံ တယ်လို့ ပြောပါတယ်။

တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တနင်္လာနေ့ကကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

မြန်မာ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ပြီးဆုံးမှုနဲ့ပတ်သက်သော မေးမြန်းချက်ကို Guo Jiakun က ဖြေကြားခဲ့တာဖြစ်ပါတယ်။

“တရုတ်၊ ရုရှား၊ အိန္ဒိယ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ရွေး ကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ တာဝန်ရှိသူတွေ စေလွှတ်ခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ ချောမွေ့ပြီး အစီအစဉ်ကျကာ မဲဆန္ဒရှင်တွေ တက်ကြွစွာ မဲထည့်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံက မြန်မာရွေး ကောက်ပွဲကို ဂုဏ်ပြုပါကြောင်း သူက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားသမှုထားဖို့ နိုင်ငံတကာ အသိုင်းအ ဝိုင်းနဲ့ လက်တွဲဆောင်ရွက်လိုတဲ့ဆန္ဒရှိပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန် လည်ရရှိဖို့ အပြုသဘောဆောင်သော အကူအညီတွေ ဆက်ပေးမယ်လို့ သူက ပြောပါတယ်။

ကိုးကား – Xinhua
Ref; China supports all parties in Myanmar to achieve peace, reconciliation via general elections: spokesperson