ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်

ယူကရိန်း၊ ရုရှားနဲ့ အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တွေပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေဟာ အပြုသဘောဆောင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် ဆွေးနွေးမှုကို သောကြာနေ့က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တော် မှာ စတင်ခဲ့ပြီး ဆွေးနွေးမှုဟာ နှစ်ရက် ကြာမြင့်ခဲ့ပါတယ်။

ကိုယ်စားလှယ်တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒေသတွေကို ထိန်းချုပ်ရေးအပါအဝင် ပိုင်နက်နယ် မြေကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ယူဆရပေမယ့် ယူကရိန်းနဲ့ရုရှားကြား သဘောတူညီမှုရဖို့ ဝေးကွာ နေဆဲဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အဓိက အလေးထားတာက စစ်ပွဲအဆုံးသတ်ရေးဖြစ်တယ်လို့ ဇီလန်စကီးက စနေ နေ့က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“အမေရိကန်ုနိုင်ငံက စစ်ပွဲအဆုံးသတ်ရေးအပြင် ထိုရည်မှန်းချက် အောင်မြင်ဖို့ လိုအပ်သော လုံခြုံ ရေးအခြေအနေတွေကို အဆိုပြုခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ဆွေးနွေးမှုတွေကို သက်ဆိုင်ရာတိုင်းပြည်တွေကို ပြန်လည်သတင်းပို့ဖို့နဲ့ ခေါင်းဆောင်တွေနဲ့ နောက်တစ်ဆင့် ညှိနှိုင်းဆောင်ရွက်ဖို့ သုံးနိုင်ငံစလုံးက သဘောတူခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် သုံးပွင့်ဆိုင် တွေ့ဆုံမှုတွေကို နောက်အပတ်လောက်မှာ ပြုလုပ်နိုင်တယ်လို့ ဇီလန်စ ကီးက ဆိုပါတယ်။

ရလဒ်တွေထွက်တယ်လို့ မဆိုနိုင်ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဘူဒါဘီမြို့မှာ ယူကရိန်းဆိုင်ရာ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကို လာမယ့်ရက်တွေအတွင်း ဆက် လက်ပြုလုပ်မယ်လို့ TASS က ဆိုပါတယ်။

ယူကရိန်းနိုင်ငံက တောင်းဆိုချက်တွေကို မလိုက်လျှော့သရွေ့ ရုရှားဟာ အထူးစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မယ်လို့ ရုရှားကိုယ်စားလှယ် ယူရီအူရှာကော့ဗ်က သောကြာနေ့မှာ ပြောကြားခဲ့ပါ တယ်။

ကိုးကား – NHK
Ref; Zelenskyy calls Ukraine, Russia and US talks constructive