ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
ကနေဒါနိုင်ငံက တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်ပါက ကနေဒါမှ သွင်း ကုန်အားလုံးအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် သတ်မှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ စနေနေ့က လူမှုကွန်ရက်မှာ သတင်းစကားတစ်ရပ် ရေးသားကာ ကနေဒါဝန် ကြီးချုပ် မတ်ခ်ကာနေးကို ‘အုပ်ချုပ်ရေးမှူး ကာနေး’ လို့ ခေါ်ဆိုခဲ့ပါတယ်။
တရုတ်က ကနေဒါကို လုံးဝ ဝါးမြိုဖျက်ဆီးသွားမှာဖြစ်ပြီး ကနေဒါက တရုတ်နဲ့ သဘောတူညီချက် တစ်ရပ် ပြုလုပ်ပါက အမေရိကန်နိုင်ငံသို့ပို့ဆောင်မယ့် ကနေဒါကုန်စည်အားလုံးအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် သတ်မှတ်မယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပါတယ်။
ကနေဒါနဲ့တရုတ်ကြား မည်သည့် သဘောတူညီချက်ကို ရည်ညွှန်းတယ်ဆိုတာကိုတော့ ဒေါ်နယ် ထရမ့်က ရှင်းလင်းစွာ မပြောကြားခဲ့ပေ။
ကာနေးက ဇန်နဝါရီလလယ်မှာ တရုတ်နိုင်ငံသို့သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန်မှာ တရုတ်လျှပ်စစ်ကားတွေကို အစင်းရေ အကန့်အသတ်နဲ့ စည်းကြပ်ခွန် လျှော့ကောက်ခံဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ပါတယ်။
အဆိုပါဆွေးနွေးမှုဟာ ကနေဒါဝန်ကြီးချုပ်တစ်ဉီးက ရှစ်နှစ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပ ထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။
နိုင်ငံတကာ စည်းမျဉ်းတွေကိုအခြေခံတဲ့အမိန့်ဟာ အလုပ်မဖြစ်တော့ဘူးလို့ အင်္ဂါနေ့က ဒါဗို့စ်မြို့ မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် မိန့်ခွန်းအတွင်း ကာနေးက ထည့်ပြောဆိုခဲ့ပါတယ်။
ကာနေးရဲ့မှတ်ချက်ဟာ အမေရိကန်အစိုးရကို ဝေဖန်တာဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပြီး လေ့ လာသူအများစုက စိတ်ဝင်စားနေကြပါတယ်။
ကိုးကား – NHK
Ref; Trump warns of 100% tariff on Canadian goods over trade deal with China