ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်

 

တရုတ် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဟာ တိုင်းပြည်ရဲ့ နျူကလီးယား လက်နက်အစီအစဉ်ကို အမေရိကန်နိုင်ငံထံ လျို့ဝှက်အချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

 

အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ကျောင်ယုကျားဟာ စစ်အရာရှိတစ်ဦးကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးရာမှာ လာဘ်ယူမှု ပြုလုပ်ခဲ့လို့ စုံစမ်းစစ်ဆေးခံနေရပါတယ်။

 

ဗိုလ်ချုပ်ကြီး ကျောင်ယုကျားဟာ တရုတ်နိုင်ငံရဲ့ နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာ အ ချက်အလက်တွေကို အမေရိကန်နိုင်ငံထံ ပေါက်ကြားစေခဲ့ပြီး အာဏာအလွဲသုံးစားမှုကြောင့် စစ်ဆေးခံ နေရပါတယ်။

သမ္မတ ရှီကျင့်ဖျင်ရဲ့ တစ်ချိန်ကမဟာမိတ်နဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ကျောင်ယုကျား ကို စစ်ဆေးမေးမြန်းနေတယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။

 

စစ်လက်နက်တွေ သုတေသနပြုမှု၊ ထုတ်လုပ်မှုနဲ့ ဝယ်ယူမှုအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်း တစ်ခုအပေါ် ဗိုလ်ချုပ်ကြီး ကျောင်ယုကျားရဲ့ အာဏာအလွဲသုံးစားမှုကို တာဝန်ရှိသူတွေက စုံစမ်းစစ် ဆေးနေတယ်လို့ သိရပါတယ်။

 

ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး လျူကျန်လီမှာလည်း စည်းကြမ်းနဲ့ ဥပ ဒေချိုးဖောက်မှုကြောင့် စစ်ဆေးခံနေရတယ်လို့ တရုတ်အစိုးရက ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

 

ဗိုလ်ချုပ်ကြီးနှစ်ဦးစလုံးဟာ တရုတ်နိုင်ငံက ပဋိပက္ခတစ်ခုမှာ နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့တဲ့ ၁၉၈၀ ခုနှစ်များအတွင်း ဗီယက်နမ်နဲ့ နယ်စပ်တိုက်ပွဲတွေမှာ တိုက်ခိုက်ဖူးတဲ့ စစ်မြေပြင် အတွေ့ အကြုံ ရှိသူတွေဖြစ်ပါတယ်။

 

အသက် ၆၁ နှစ်အရွယ် ဗိုလ်ချုပ်ကြီး လျူကျန်လီမှာ စစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ လေ့ကျင့် ရေးကို ကြီးကြပ်ရတဲ့ တရုတ်စစ်တပ်၊ စစ်ဉီးစီးဌာနရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

 

ကိုးကား – Bloomberg
Ref; Top China general Zhang Youxia accused of leaking nuclear secrets to US: WSJ