မြစ်ကြီးနားမြို့ပေါ်က စစ်ကောင်စီတပ် စရဖရုံး တိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

ဧရာဝတီတိုင်မ်း

(မြစ်ကြီးနား )၊စက်တင်ဘာ ၈ ရက်

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့( စရဖ) ရုံး ဒီကနေ့ စက်တင်ဘာလ ၈ ရက် မနက် ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံခဲရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

အဲ့ဒီစရဖရုံးအနီးမှာ ဗုံး ၂ လုံးပေါက်ကွဲပြီးတဲ့နောက် လာရောက်ဗုံးခွဲသူတွေကို စစ်ကောင်စီဘက်က လိုက်လံပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

” ထောက်လှမ်းရေးရုံးကိုဗုံးလာခွဲတာလို့သိရတယ်။ ဗုံးကွဲသံလည်း ၂ ခါကြားတယ်။ ဗုံးလာခွဲတဲ့သူတွေ ကို လိုက်ပစ်လို့ ဟိုဘက်ကလည်းပြန်ပစ်တာမျိုးအပြန်အလှန်ပစ်တာ။ မိသွားတယ်တော့မကြားမိဘူး၊ အဲ့ဒီနားမှာက ပြည်နယ်မြေစာရင်းရုံးတို့ လည်၊ဆယ်ရုံးတို့ကပ်လျက်ရှိတာ။ အနောက်လမ်းမှာလည်း ဝန်ကြီးချုပ်အိမ်ယာတွေရှိတော့

အစောင့်တပ်သားတွေများတယ် ” လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတဦး က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဲ့ဒီပစ်ခတ်မှုအတွင်းမှာ အနီးအနားမှာရှိတဲ့အမျိုးသမီးတဦးထိခိုက်မှုရှိခဲ့ပြီး ဘယ်ဘက်ကပစ်ခတ်လို့ ထိခိုက်တယ်ဆိုတာတော့ အတည်မပြုနိုင်ပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က အဲ့ဒီရပ်ကွက်နဲ့ မြို့ပေါ်လမ်းတချို့ကိုပိတ်ဆို့ စစ်ဆေး တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

#AyeyarwaddyTimes