
အော်ရီဒူးမြန်မာကို စင်ကာပူအခြေစိုက်ကုမ္ပဏီထံ ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချလိုက်ပြီ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
ဆက်သွယ်ရေးလုပ်ငန်းကြီး အော်ရီဒူးက မြန်မာနိုင်ငံရှိ ယင်း၏လုပ်ငန်းခွဲကို စင်ကာပူအခြေစိုက် Nine Communications Pte. Ltd. သို့ ရောင်းချဖို့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ ကာတာ အခြေစိုက် အဲဒီကုမ္ပဏီက ဒီကနေ့ ပြောပါတယ်။
ဦးဉာဏ်ဝင်းနဲ့ Link Family Office တို့ပိုင်ဆိုင်တဲ့ Nine Communications Pte. Ltd. က မြန်မာနိုင်ငံရဲ့ အော်ရီဒူးလုပ်ငန်းခွဲကို ဒေါ်လာ ၅၇၆ သန်းနဲ့ ဝယ်ယူလိုက်တာလို့ သိရပါတယ်။
အော်ရီဒူးမြန်မာလုပ်ငန်းခွဲကို ရောင်းချလိုက်ပေမယ့် ဌာနဆိုင်ရာရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတဲဖြစ် တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အော်ရီဒူးမြန်မာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ နောက်ဆုံး ထွက်ခွာတဲ့ ဆက်သွယ်ရေးအော်ပရေတာ ဖြစ်လာပါတယ်။
နိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာ အော်ရီဒူးမြန်မာကို စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုထံ ရောင်းချတော့မယ်လို့ အစောပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။
ကိုးကား – Reuters
Ref; Qatar’s Ooredoo sells Myanmar unit for US$576 million