ဒီးမော့ဆိုမြို့ဘ​က်မှ စစ်ကောင်စီတပ်များ ပစ်ခတ်သည့်လက်နက်ကြီး စစ်ဘေးရှောင်စာသင်ကျောင်းပေါ် ကျရောက်ပေါက်ကွဲ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၈ ရက်

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ဘ​က်မှ ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်က စစ်ကောင်စီတပ်များ ပစ်ခတ်သည့်လက်နက်ကြီး စစ်ဘေးရှောင်စာသင်ကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ဘေးရှောင်ကလေးဦးရေ အများအပြားစာသင်ကြားနေချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆရာ/ဆရာမများ ၊ကလေးများ ကံကောင်းထောက်မစွာဖြင့် အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း ဒီးမော့ဆိုအနောက်ခြမ်းဖက်ကို စစ်ကောင်စီဘက်က လက်နက်ကြီး (၄)လုံးတိတိပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဖက်က အဝေးရောက် စစ်ဘေးရှောင်များကို အတင်းအကြပ် နေရပ်ပြန်စေခိုင်းနေ‌ပြီး ၊ပြည်နယ်တွင်းရှိ ‌စစ်ဘေးရှောင်များရှိရာ နေရာကိုတော့ ရည်ရွယ်ချက်ရှိရှိ သေကြေအောင်

လက်နက်ကြီးများနဲ့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူများက ပြောဆိုထားသည်။

ဓာတ်ပုံ – Karenni’s Voice

#Ayeyarwaddy_Times