
ပြည်မြို့မှာ နားမကောင်းတဲ့ အဖွားအို ၁ ဦး ရထားလမ်း ဖြတ်ကူးတုန်း ရထားတိုက်ခံရလို့ သေဆုံး
ဗစ်တာ/ ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
ပဲခူးတိုင်း( အနောက်ခြမ်း)၊ ပြည်မြို့၊ ကိုသောင်းရပ်ကွပ်နှင့် မင်္ဂလာဦးရပ်ကွက်အကြား ရထားလမ်းတွင် စက်တင် ဘာလ ၇ ရက်နေ့လည် ၃ နာရီဝန်းကျင်ကနားမကြားသည့်အဖွားအိုတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ရထားတိုက်ခံရသူ အဖွားအိုမှာ မြေးဖြစ်သူအား ကျောင်းကြိုသွားရာမှ ရထားလမ်းကိုဖြတ်ကူးစဥ် နားမကြား သည့်အတွက် ရထားလာသည်ကို မသိဘဲ တိုက်မိရခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။
” အဖွားက သူ့မြေးကို ကျောင်းသွားကြိုတာ၊ သူကနားနည်းနည်း လေးတယ်လို့သိရတယ်။ ရထားလမ်းဖြတ်ကူးတုန်း ရထားလာတဲ့အသံကို မကြားတော့တိုက်ခံရပြီး လက်တဖက်လည်းပြတ်ပြီးတော့ သေသွားတယ်” ဟု ရထားလမ်းအနီးနားရှိဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဖွားအိုသေဆုံးခဲ့ပြီးနောက် ရုပ်အလောင်းအား ပြည်မြို့အခြေစိုက်လှုမှုကယ်ဆယ်ရေးအသင်းမှ ပြည် ကုတင် ၅၀၀ ပြည်သူ့ဆေးရုံသို့သယ်ဆောင်သွားကြောင်း သိရသည်။
#AyeyarwaddyTimes