ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
မန္တလေးနှင့် စစ်ကိုင်းပြတ်ရွေ့ကြော နောက်ဆက် တွဲအဖြစ် ယနေ့ည ၆ နာရီ ၄၂ မိနစ်အတွင် အအင်အားအသင့် အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါငလျင်သည် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၃၄ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။

“ငလျင်က အသံပါပါတယ်။ ခါရမ်းသွားတာပဲ။ အိမ်ကို ကိုင်လှုပ်လိုက်သလိုပဲ” ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငလျင်လှုပ်ခတ်မှုအရှိန်ကို ဝမ်းတွင်း၊ မန္တလေး၊ အမရပူရမြို့များအပြင် တောင်ပေါ်ဒေသများဖြစ်သည့် ပြင်ဦးလွင်နှင့် ကလောမြို့များအထိပါ သိသိသာသာ ခံစားခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်