ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကြန့်ကြာစေတာ ရုရှားမဟုတ်ဘဲ ယူကရိန်းသာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က လေးနှစ်ကြာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အဆင်သင့်ရှိပြီး ယူ ကရိန်းသမ္မတ ဇီလန်စကီးက ထိုသို့မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က ဘဲဥပုံခန်းမမှာ ရိုက်တာသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“ပူတင်က သဘောတူညီချက်တစ်ရပ် ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ယူကရိန်းက သဘောတူညီချက် ပြုလုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်” လို့ ၎င်း က ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်ရဲ့ အကြီးမားဆုံး ပဋိပက္ခကို အမေရိကန်နိုင်ငံဉီးဆောင် ပြီး မဖြေရှင်းနိုင်သေးတာ ဘာကြောင့်လဲဟု အင်တာဗျူးသူက မေးမြန်းရာမှာ “ဇီလန်စကီး’ ကြောင့်လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့ပါတယ်။
အမေရိကန် အထူးသံတမန် စတိဗ်ဝှစ်ကော့ဖ်နဲ့ ကက်ရှ်နာတို့ရဲ့ မော်စကိုခရီးစဉ်ကို သူ သတိမ ထားမိခဲ့ဖူးလို့ ၎င်းက ဆက်ပြောပါတယ်။
လာမယ့်အပတ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဇီလန်စကီး နဲ့ တွေ့ဆုံမလားဆိုတဲ့ မေးမြန်းချက်ကို မစီစဉ်ထားပေမယ့် တွေ့ဆုံနိုင်တယ်လို့ သူက ဖြေကြားခဲ့ပါတယ်။
ဇီလန်စကီးမှာ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်ဖို့ အခက်အခဲတွေ ရှိနေနိုင်တယ် လို့ ဇီလန်စကီးက ဆိုပါတယ်။
ရုရှားသို့ မည်သည့်ပိုင်နက်မျှ မပေးနိုင်ဘူးလို့ ဇီလန်စကီးက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပြီး ယူ ကရိန်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သည့်ပိုင်နက်နယ်မြေမှ မစွန့်လွှတ်နိုင်ဘူးလို့ ပြောပါတယ်။
ကိုးကား – TRT World
Ref; Zelenskyy holding up Ukraine peace deal, not Putin — Trump