ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ဂရင်းလန်ကျွန်းမှာ ဥရောပတပ်ဖွဲ့တွေ ဖြန့်ကြက်ထားမှုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂရင်းလန်ကျွန်းကို ရယူမယ့်အစီအစဉ်ကို မပြောင်းစေဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။
“ဂရင်းလန်ကျွန်းကို ဉရောပတပ်ဖွဲ့တွေ စေလွှတ်တာ သမ္မတရဲ့ ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့ ကျွန်မ မထင်ပါဘူး” လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ကာရိုလိုင်းလီဗစ်က ကြာသပ တေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒိန်းမတ်စစ်တပ်ရဲ့ ဂရင်းလန်ကျွန်းမှာပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုသို့ တပ်ဖွဲ့တွေ စေလွှတ်မယ် လို့ ဖင်လန်၊ နော်ဝေနဲ့ နယ်သာလန်နိုင်ငံတွေက ပြောကြားခဲ့ပြီး အက်စတိုနီးယားက စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေပါတယ်။
ရုရှားနဲ့တရုတ်လက်ထဲ ကျရောက်နိုင်တဲ့ အန္တရာယ်ကြောင့် ဂရင်းလန်ကျွန်းကို သိမ်းယူရာမှာ စစ် အင်အားသုံးမယ်လို့ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ခြိမ်းခြောက်ခဲ့ပါတယ်။
ဒိန်းမတ်နဲ့ ဂရင်းလန်ဟာ အမေရိကန်နိုင်ငံနဲ့ အခြေခံ သဘောထားကွဲလွဲမှုတွေ ရှိနေဆဲပဲလို့ ဒိန်း မတ် နိုင်ငံခြားရေးဝန်ကြီးက အိမ်ဖြူတော်မှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့နဲ့ တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း ဂရင်းလန်ကျွန်းသို့ မြေပြင်၊ ဝေဟင်နဲ့ ရေတပ်ဖွဲ့တွေ စေလွှတ်မယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်က ပြောပါတယ်။
“ဘယ်လိုပဲ အကျိုးစီးပွားတွေ ခြိမ်းခြောက်ခံရပါစေ ပြင်သစ်နဲ့ဉရောပက ဂရင်းလန်ကျွန်းကို တပ် ဖွဲ့တွေ စေလွှတ်ပါမယ်” လို့ သူက ဆိုပါတယ်။
ဥရောပတပ်ပေါင်းစု ဖွဲ့စည်းမယ့် အစီအစဉ်ကို ဗြိတိန်နဲ့ နော်ဝေနိုင်ငံတို့က ထောက်ခံပြီး တပ်ဖွဲ့ တွေ စေလွှတ်မယ်လို့ ဆိုပါတယ်။
ကိုးကား – Politico
Ref; European troops in Greenland won’t change Trump’s mind, White House says