ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမာခရိုင်တွင် ဖြစ်ပွားခဲ့သော လူသေဆုံးမှုရှိသည့် ရထားမတော်တဆမှုနှင့် ပတ်သက်၍ ထိုင်းဘုရင်နှင့် မိဖုရားတို့က စိုးရိမ်ပူပန်ကြောင်ပြောကြားခဲ့ပြီး ထိခိုက်ခံစားရသူများအတွက် ဘုရင့်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်ရှိ ခရန်တိ အဖီဝက်ဘူတာမှ ဥဘွန်ရက်ချာဌာနီသို့ မောင်းနှင်လာသည့် အမြန်ရထားအမှတ် (၂၁) သည် စီခယူခရိုင်၊ ဘန်သနွန်ခေါ့တ် ဒေသအနီး ဖြတ်သန်းစဉ် အမြန်ရထားလမ်းစီမံကိန်းတွင် အသုံးပြုနေသည့် ဆောက်လုပ်ရေးကရိန်းတစ်ခု ပြိုကျခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြိုကျမှုကြောင့် ရထားမှာ မီးလောင်ကာ လမ်းချော်ခဲ့သဖြင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုင်းဘုရင်နှင့် မိဖုရားတို့သည် ထိခိုက်သေဆုံးသူ အရေအတွက်ကို သိရှိရချိန်တွင် များစွာစိုးရိမ်ပူပန်ခဲ့သည်။
ထို့ကြောင့် ထိုင်းဘုရင်က ဒဏ်ရာရရှိသူများအား ဘုရင့်စောင့်ရှောက်မှုအောက်တွင် ဆေးကုသမှုခံယူစေရန် ခွင့်ပြုခဲ့သည့်အပြင် သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း ဘုရင့်ဂုဏ်ထူးဆောင်အစီအစဉ်ဖြင့် လက်ခံဆောင်ရွက်ပေးခဲ့ပြီး နာရေးကိစ္စများအတွက် မိသားစုများသို့ ငွေကြေးထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုးကား-Khaosod English